၂၀၀၈ခုနှစ် ၊ နှစ်သစ်ကြိုဆိုပွဲ (New Year) ဟာ အရင်နှစ်တွေနှင့်မတူဘဲ ကားလမ်းမပေါ်တွေနဲ့ ကားတွေပေါ်မှာပဲ ထူးထူးရှားရှားကြိုဆိုကြတယ်လို့ နှစ်သစ်ရဲ့လူငယ်တစ်ယောက်ကပြောပါတယ်။
အရင်နှစ်တွေမှာတော့ အင်းလျား၊ ကန်တော်ကြီး ၊ အထင်ကရပန်းခြံတွေနဲ့ စားသောက်ဆိုင်တွေမှာကြိုဆိုကြပေမဲ့ ဒီနှစ်မှာတော့ အဲဒီနေရာတော်တော်များများကို ည(၉:၀၀) မှာဝင်ခွင့်မပေးကြတော့ဘူးလို့သိရပါတယ်။
ညဘက်ကပွဲခန်းမကြီးတွေမှာ လက်မှတ်တစ်ဆောင်(၄၅) ဒေါ်လာတန်ဟော်တယ်ကြီးတွေရဲ့ New Yearကြိုဆိုပွဲတွေ၊ တရုတ်တန်းက အသားကင်ဆိုင်တွေမှာ ငွေကြေးတတ်နိုင်တဲ့ လူငယ်၊လူကြီးတွေရဲ့ အထင်ကရ လမ်းမကြီးတွေအပေါ် မှာ ကားပတ်မောင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မီးကျည်၊ မီးပန်းဆော့ပြီး
နှစ်သစ်ကို ကြိုဆိုနေကြတဲ့ အလယ်အလတ်တန်းစား လူတွေကလည်းရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
အေးအေးဆေးဆေးနှင့်နှစ်သစ်ကို ငြိမ်သက်စွာကြိုဆိုကြတဲ့ လူငယ်လူကြီးတွေကတော့ရပ်ကွက်ထဲမှာ အခုထိ ခေတ်စားနေဆဲဖြစ်တဲ့မြန်မာရိုးရာ ကြက်သားကာလသားချက်ဟင်းတစ်အိုးနဲ့နှစ်သစ်ကိုကြို
ဆိုကြဟန်ရှိကြောင်း သိရပါတယ်။
Friday, January 11, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment