-ဘိုလီးဗီးယားနိုင်ငံ ပိုတိုစီနှင့် ဘီနီမြို့များတွင် ဇန်န၀ါရီ ၁၀ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်း မိုးမှု ဖြစ်ပွားခဲ့ရာ ၁၂ဦး သေဆုံးပြီး နေအိမ်များ ရေနစ်မြုပ်ခဲ့သည်။
-အီကွေဒေါနိုင်ငံ အလယ်ပိုင်း အမ်ဘာတိုမြို့အနီးရှိ မီးတောင် ဇန်န၀ါရီ ၁၀ရက် ပေါက်ကွဲမှုဖြစ်ပွားရာ ဒေသခံပြည်သူ ၇၀၀ ခန့်အား ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရသည်။
-ကာဇက်စတန်နိုင်ငံအလယ်ပိုင်း ကာရာဂျင်ဒါဒေသရှိ သတ္တုမိုင်းတွင်းတစ်ခု၌ ဇန်န၀ါရီ ၁၀ရက်က ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားရာ မိုင်းလုပ်သား (၇)ဦး သေဆုံးခဲ့သည်။
-တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကမ်းလွန်တွင် ဇန်န၀ါရီ ၁၁ရက် နံနက်က ခရီးသည်တင်စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ ၁၀ ဦး ပျောက်ဆုံးလျှက်ရှိသည်။
-သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ဇန်န၀ါရီ ၁၁ ရက်က မော်တော်ယာဉ်နှစ်စီး အရှိန်ပြင်းစွာ ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ ၁၀ဦးပွဲချင်းပြီးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိခဲ့သည်။
-အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့အနောက်ဘက် မိုင်၈၀ခန့်အကွာ မြစ်တစ်ခု၌ ခရီးသည်တင်စက်လှေတစ်စင်း ဇန်န၀ါရီ ၁၁ရက် နံနက်က နစ်မြုပ်ခဲ့ရာ ခုနှစ်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးလျှက်ရှိသည်။
-ဇမ်ဘီယာနိုင်ငံ တောင်ပိုင်းဒေသများတွင် ဇန်န၀ါရီ ၁၀ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေလွှမ်းမှုများဖြစ်ပွားကာ နေအိမ်ထောင်ပေါင်းများစွာ ရေလွမ်းခံရပြီး ဒေသခံပြည်သူ နှစ်သိန်းခန့် ရေဘေးဒုက္ခကြုံတွေ့နေရသည်။
-ကနေဒါနိုင်ငံ ကယ်ဂါရီမြို့လေဆိပ်၌ ဇန်န၀ါရီ ၁၁ ရက်က ကနေဒါလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်း အင်ဂျင်ချွတ်ယွင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရာ ခရီးသည် ၁၀ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
Saturday, January 12, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment