Wednesday, January 16, 2008

ဘေရွတ်မြောက်ပိုင်း၌အမေရိကန်သံရုံးကားဗုံးခွဲခံရ...........


လက်ဘနွန်နိုင်ငံ ဘေရွတ်မြောက်ပိုင်းတွင် ဇန်န၀ါရီ ၁၅ရက်ကအမေရိကန်သံရုံးမှကားတစ်စီး ဗုံးခွဲတိုက်ခိုက်
ခံရသဖြင့် လက်ဘနွန်လူမျိုးလေးဦးသေဆုံးပြီး ဒေသခံသံရုံးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိကြောင်းအမေရိကန်နှင့်
လက်ဘနွန်တာဝန်ရှိသူများက ပြောကြားသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အမေရိကန်သံရုံးကားအတွင်း သံရုံးအလုပ်သမားနှစ်ဦးရှိနေကြောင်း၊ ဗုံးပေါက်
ကွဲသံကိုဘေရွတ်မြို့တစ်ဝန်းမှကြားခဲ့ကြရပြီး မီးခိုးလုံးကြီးတက်လာခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန
ပြောရေးဆိုခွင့်ရှိသူရှောင်မက္ကောနဲလ်က၀ါရှင်တန်တွင်ပြေကြားသည်။
မော်တော်ယာဉ်မောင်းသူမှာ မနည်းငယ်ဒဏ်ရာရခဲ့ပြီးအခြားသံရုံးဝန်ထမ်းတစ်ဦးမှာထိခိုက်မှုမရှိကြောင်း
၎င်းကပြောကြားသည်။
လက်ဘနွန်နိုင်ငံတွင် ၂၀၀၇ခုနှစ် နိုဝင်ဘာလမှစ၍ သမ္မတရွေးချယ်တင်မြှေက်နိုင်ခြင်းမရှိဘဲ နိုင်ငံရေး
သဘောထားကွဲလွဲမှုများပြင်းထန်လျက်ရှိသည်။အမေရိကန်သံအမတ်ကြီးအား နှုတ်ဆက်ပွဲပြုလုပ်ရန်ရှိုနေ
စဉ်အတွင်း ယခုကဲ့သို့ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

No comments: