
ဟားမတ်စ်အဖွဲ့ ထိန်းချုပ်သော ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏စီးနင်းတိုက်ခိုက်မှုကြောင့်
ပါလက်စတိုင်း၁၄ ဦးထက်မနည်းမှာ လက်နက်ကိုင်စစ်သွေးကြွ များဖြစ်ကြောင်း၊ ယနေ့မီဒီယာသတင်းများ
တွင်ဖော်ပြသည်။
အစ္စရေးသံချပ်ကာကားများသည် ဂါဇာစီးတီး၏ အရှေ့ပိုင်း ဆင်ခြေဖုံး ဒေသအတွင်းသို့ ထိုးဖောက်ဂင်
ရောက်လာခဲ့ပြီးနောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
စစ်သွေးကြွတစ်ဦး၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် တောင်အမေရိက တိုက်သားမွေးမြူရေးခြံ
လုပ်သားတစ်ဦး သေဆုံးရကြောင်း သတင်းတွင်ဖော်ပြသည်။ အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့်
သေဆုံးရသူတစ်ဦးမှာ ဟားမတ်စ်အုပ်စုခေါင်းဆောင် မာမွတ်ဇာဟာ၏ သားဖြစ်ကြောင်း
ယင်းအုပ်စုကပြောကြားသည်။
No comments:
Post a Comment