
ဂျာမန်အာကာသ သုတေသနပညာရှင်တစ်ဦးက အာကာသဟင်းလင်ပြင်၌ တီဒဗလျူဟိုက်ဒရိဘီ အမည်ရှိ ကြယ်တာရာအစုအဝေးသစ်တစ်ခုကို ဇန်န၀ါရီလ ၄ ရက်တွင် အာကာသအဏုကြည့်မှန်ပြောင့်မှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သည်။
ဘူလ်ရေးရီးယားနိုင်ငံ ဆိုဖီယာမြို့၌ ဇန်န၀်ရီလ ၄ရက်က ဆီးနှင်းများထူထပ်စွာကျဆင်းပြီး အပူချိန် ရေခဲမှတ်အောက် ကျဆင်းခဲ့သဖြင့် လူသုံးဦး သေဆုံးခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ လို့စ်ရိုကွစ်မြို့ ကမ်းလွန်၌ ဇန်န၀ါရီ ၄ရက်က လူ၁၄ဦးတင်ဆောင်လာသော လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အမြန်ရေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်နိုင်ခဲ့မှုကြောင့် သေဆုံးမှုမရှိကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဘန်ကူလူပြည်နယ်၌ ဇန်န၀ါရီလ ၄ရက်က အင်အားရစ်ခ်ျတာစကေး ၆ဒသမ ၃ရှိသည့် အားပြင်းသောငချင်လှုပ်ခဲ့ရာ ဘန်ကူလူပြည်နယ် အရှေ့ပိုင်းဒေသများ၌ အဆောက်အအုံတစ်ချို့ ပျက်စီးခဲ့သည်။
No comments:
Post a Comment