Sunday, January 13, 2008

အကြမ်းဖက်ဗုံးခွဲမည့် သတင်းများထွက်ပေါ် ပါကစ္စတန်မြို့ကြီးများ၌ လုံခြုံရေးတင်းကျပ်


ပါကစ္စတန်နိုင်ငံ အစ္စလမ္မာဘတ်နှင့် ကရာချိမြို့ကြီးများတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားမည်ဟူသော သတင်းများ ကြောင့် ပါကစ္စတန်အစိုးရက ဇန်န၀ါရီ၁၂ရက်မှ စတင်ကာ လုံခြုံရေးတင်းကျပ်လိုက်သည်။မကြာမီက ဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွားသော လာဟိုးမြို့၌လည်း လုံခြုံရေးအထူးကြပ်မတ် ဆောင်ရွက်လျှက်ရှိပြီး ယခုအခါ အစ္စလမ္မာဘတ်နှင့် ကရာချိမြို့များရှိ အဓိကနေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားလိုက်သည်။
ပါကစ္စတန်နိုင်ငံ၌ အတိုက်အခံခေါင်းဆောင် ဘာနာဇီယာဘူတို ဗုံးခွဲလုပ်ကြံခံရပြီးသည့်နောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်သူများ သေဆုံးခဲ့ရပြီးဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၏ အတိုက်အခံနိုင်ရေး ခေါင်းဆောင် တစ်ဦး ဖြစ်သူ နာဝပ်ရှရစ်ဖ်က ပါကစ္စတန်အစိုးရအနေဖြင့် ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်းကျင်းပနိုင်ရန် တောင်းဆိုလိုက်သည်။ပါကစ္စတန်ရွေးကောက်ပွဲကို ယခင်က ဇန်န၀ါရီ ၈ရက် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဘူတိုလုပ်ကြံခံရပြီးနောက် ပြည်တွင်းမငြိမ်မသက်မှုဖြစ်ပွားခဲ့သဖြင့် လာမည့် ဖေဖော်ဝါရီ ၁၈ရက် သို့ပြောင်းရွေ့သတ်မှတ်ထားသည်။

No comments: