Tuesday, January 15, 2008

အီရတ်မြောက်ပိုင်းကျေးရွာများကိုတူရကီစစ်လေယာဉ်များ.........

အီရတ်နိုင်ငံမြောက်ပိုင်းကာဒစ္စတန်ဒေသရှိ ပြောက်ကျားထိန်းချုပ်ထားသည့် နယ်စပ်ကျေးရွာ များကို
ဇန်န၀ါရီ ၁၁ရက်နံနက်ပိုင်းက တူရကီစစ်လေယာဉ်များကဗုံးကြဲတိုက်ခိုက်ကြောင်းအီရတ်နိုင်ငံရှိ
ကာဒစ္စတန်ရုပ်သံက ထုတ်လွှင့်သည်။အဆိုပါတိုက်ခိုက်မှု ကြောင့် သေကျေဒဏ်ရာရရှိမှုနှင့်ပျက်စီးဆုံးရှုံး
မှု မသိရပေ။
တိုက်ခိုက်မှု
ကာ့ဒ်အစိုးရ တာဝန်ရှိသူများက ချက်ချင်းဝေဖန်ပြောကြားခြင်းမရှိပေ။တူရကီနိုင်ငံဒီရာဘာကီမြို့တွင်
ဇန်န၀ါရီ ၃ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပထမဆုံးနယ်စပ်ဖြတ်ကျော် လေကြောင်းတိုက်ခိုက်မှု
ဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုသည် ကာဒစ္စတန် အလုပ်သမားများပါတီ(ပီကေကေ) ပြောက်ကျားများ၏
လက်ချက်ဖြစ်ကြောင်း တူရကီအာဏာ ပိုင်များကစွပ်စွဲသည်။ ဒီဇင်ဘာလတွင် အီရတ်နိုင်ငံမြောက်
ဘက်တောင်တန်း တူရကီ စစ်လေယာဉ်များက ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့သည်။ တူရကီနိုင်ငံက
တပ်ဖွဲ့ဝင် ၁၀၀၀၀၀ ကိုအီရတ်နိုင်ငံ နယ်စပ်တွင်ဖြန့်ကြက်ထားသည်။

No comments: