
ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် နီပေါနိုင်ငံမှ ဧ၀ရက်တောင်ပေါ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့ သော နယူးဇီလန်နိုင်ငံသား အီဒ်မွမ်ဟီလာရီသည် ဇန်န၀ါရီ ၁၁ရက်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။
ကွယ်လွန်ချိန်၌ အသက် ၈၈ နှစ်အရွယ်ရှိပြီ ဖြစ်သည့် အီဒ်မွမ်ဟီလာရီသည် ၁၉၅၃ ခုနှစ် ၊ မေ ၂၉ရက်က အမြင့် ၂၉၀၃၅၄ ပေရှိသော ဧ၀ရက်တောင်ထိပ်သို့ ပထမဆုံးတက်ရောက်ခဲ့သူလည်းဖြစ်သည်။
ဧ၀ရက်တောင်ထိပ်သို့ ပထမဆုံးတက်ရောက်ခဲ့သူ အီဒ်မွမ်ဟီလာရီကို နယူးဇီလန်ဝန်ကြီးချုပ် ဟီလန်ကလက်ခ်က နယ်မြေသစ်စွန့်စားရှာဖွေသည့် သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြုခဲ့သည်။
No comments:
Post a Comment