Friday, January 11, 2008

အမေရိကန်ကျူးကျော်မှု သုံးနှစ်အတွင်း အီရတ်ပြည်သူ တစ်သိန်းခွဲကျော်သေဆုံး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့

အီရတ်နိုင်ငံကို၂၀၀၃ခုနှစ် မတ်လမှစတင်ကာ အမေရိကန်နှင့်အပေါင်းအပါ တပ်ဖွဲ့ဝင်များ ကျူးကျော် စစ်ဆင် နွှဲခဲ့ပြီးနောက်ပိုင်း ၂၀၀၃ ခုနှစ်မတ်လမှ ၂၀၀၆ခုနှစ်ဇွန်လအထိ သုံးနှစ်သာကာလအတွင်း အီရတ်ပြည်သူ ၁၅၁၀၀၀ သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျုအိတ်ခ်ျအို) ကဇန်န၀ါရီ၉ရက်၌ သတင်းထုတ် ပြန်ခဲ့သည်။
သို့သော်အခြားသုတေသနပြုမှုတစ်ရပ်၌ ၂၀၀၃ ခုနှစ်မတ်လမှ ၂၀၀၆ခုနှစ်ဇွန်လအတွင်း အီရတ်ပြည် သူသေ ဆုံးသူစုစုပေါင်း ၂၂၃၀၀၀ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။အီရတ်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်း၌ အီရတ်ကိုအမေရိကန်တို့ ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ၂၀၀၆ခုနှစ် ဇွန်လ အထိသေဆုံးသူ ၆၀၀၀၀၀၀ ကျော်ရှိခဲ့ကြောင်းဖော်ပြထားသည်။ အဆိုပါအရေအတွက်မှာ အီရတ်မိသားစု ၁၀၀၀၀ခန့်အား ကွင်းဆင်းတွေ့ ဆုံမေးမြန်းခဲ့ပြီး ရရှိသည့်အရေအတွက်ဖြစ်သည်။

သေဆုံးစာရင်း
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့နှင့် အန်တာပြည်နယ်တို့တွင် ကွင်းဆင်းသုတေသနပြုခဲ့ပြီးမှ ထုတ်ပြန်သော သေဆုံး စာရင်းဖြစ်ကြောင်း ဒဗလျုအိတ်ခ်ျအိုမှ စာရင်းအင်းဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ မိုဟာမက်အလီက ပြောကြား သည်။
စွန့်ခွာထွက်ပြေး
အမေရိကန်တို့ အီရတ်ကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း၌ အီရတ်ပြည်သူ ထောင်ပေါင်းများစွာ အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ပြီး နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ကြသူများလည်း ထောင်ပေါင်းများစွာရှိခဲ့သည်ဟုဆိုသည်။

No comments: