Thursday, January 10, 2008

နှစ် (၆၀)ပြည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် အမျိုးသားပရဆေးဥယျာဉ် ဖွင့်ပွဲကျင်းပ


၂၀၀၈ခုနှစ် နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် အမျိုးသားပရဆေးဥယျာဉ် (National Hearbal Park) ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီလ ၄ရက်၊ နံနက် ၈နာရီတွင် အဆိုပါဥယျာဉ်ရှိ မင်္ဂလာ မုဒ်ဦးနေရာ၌ ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်၊အစိုးရအဖွဲ့-အဖွဲ့ဝင်ဝန်ကြီးများ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေပြည်တော် စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူနှင့် ကော်မတီဝင်များ၊ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မင်္ဂလာအချိန်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ဌေးဦး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်တို့က နေပြည်တော်အမျိုးသား ပရဆေးဥယျာဉ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်က (National Hearbal Park) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး ပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန ၀န်ကြီး ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ နေပြည်တော်မြို့တော်ဝန် ဗိုလ်မှူးကြီးသိန်းညွန့်က အမျိုးသား ပရဆေးဥယျာဉ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ၀န်ကြီးများ က အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

No comments: