Tuesday, January 15, 2008

ဂွမ်တာနာမိုအကျဉ်းစခန်းကြောင့် ကန်၏ ရပ်တည်မှု အရုပ်ဆိုး အကျည်းတန်

ဂွမ်တာနာမိုအကျဥ်းစခန်းကြောင့် နိုင်ငံတကာ မျက်နှာစာတွင် အမေရိကန် နိုင်ငံ၏ ရပ်တည်မှုကို အရုပ်ဆိုး
အကျည်းတန်စေသဖြင့် ထိုအကျဉ်း စခန်းကို ပိတ်ပစ်လိုသော ဆန္ဒရှိသည်ဟု ကန်ထိပ်တန်း စစ်ဘက်အရာရှိက
ပြောကြားသည်။
အထက်ဖော်ပြပါ အကြောင်းကြောင့် အကျဉ်းစခန်းကို ပိတ်လိုက်စေလိုသော ဆန္ဒရှိကြောင်း၊ သို့သော် ထိုသို့
ဆောင်ရွက်ရန်မှာ ဥပဒေကြောင်းအရ ပြဿနာရှိနိုင်ကြောင်း အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ် ရေတပ်ဗိုလ်
ချုပ်ကြီး မိုက်မူလန်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။
လွန်ခဲ့သော ခြောက်နှစ်က စတင်ခဲ့သော အဆိုပါ အကျဉ်းစခန်းကို ပိတ်ပစ်ရန် အမေရိကန်၏ အပေါင်းပါ
များအပါအ၀င် နိုင်ငံအတော်များများ ကတောင်းဆိုခဲ့ကြသည်။ ထိုအကျဉ်းစခန်းတွင် အကြမ်းဖက်သမားဟု
သံသယရှိသူများကို ဖမ်းဆီးချုပ်နှောင်ထားသည်။
ယင်းစခန်းကို စတင်ဖွင့်လှစ်ချိန်မှ စ၍ယနေ့ အချိန်အထိကာလအတွင်း အကျဉ်းသား တစ်ယောက်တည်း
ကိုသာ တရားနည်းလမ်းကျစွာ စစ်ဆေး၍အပြစ်ပေးသည်ကို တွေ့ခဲ့ရသည်ဟုဆိုသည်။

No comments: