အမှာစကားပြောကြားသဘာပတိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌတရားသူကြီးချုပ် ဦးအောင်တိုး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်အစည်းအဝေး (၄/၂၀၀၈) တွင်အမှာစကားပြောကြားစဉ်။
စုံညီစွာတက်ရောက်
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌ တရားသူကြီးချုပ် ဦးအောင်တိုး၊ ဒုတိယဥက္ကဋ္ဌ ရှေ့နေချုပ် ဦးအေးမောင်၊ အတွင်းရေးမှုး၊ တွဲဖက်အတွင်းရေးမှုးနှင့် ကော်မရှင်အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
သဘာပတိ
ယင်းအစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌ တရားသူကြီးချုပ် ဦးအောင်တိုးက ဆောင်ရွက်ပြီး အခမ်းအနားမှုးအဖြစ် အတွင်းရေးမှုး ဒေါက်တာသောင်းမြင့်က ဆောင်ရွက်သည်။
အကြံပြု
ရှေးဦးစွာ သဘာပတိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင်သက္ကဋ္ဌ တရားသူကြီးချုပ် ဦးအောင်တိုးက အဖွင့်အမှာစကားပြောကြားပြီး မူကြမ်းရေးဆွဲရေး အဖွဲ့ခေါင်းဆောင်များနှင့် ဒုတိယခေါင်းဆောင်များက မိမိတို့အဖွဲ့အလိုက် ဆောင်ရွက်ပြီးစီးသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင်များက ရေးဆွဲတင်ပြသော အခြေခံဥပဒေမူကြမ်းများအပေါ် အသေးစိတ်ဆွေးနွေး အကြံပြုတင်ပြကြသည်။ ထို့နောက် သဘာပတိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌ တရားသူကြီးချုပ် ဦးအောင်တိုးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရပ်နားလိုက်သည်။
No comments:
Post a Comment