ယင်းဗုံးပေါက်ကွဲမှုကြောင့် ပဲခူးတိုင်း ထန်းတပင်မြို့နယ် လေးသစ်ကျေးရွာနေ နော်ဂေးလာ (၄၀) နှစ်(ဘ) ဦးစော ရွှေလေး၏ ဝဲ/ယာ ခြေကျင်းဝတ်များနှင့် ဝမ်းဗိုက်၊ လက်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး နေပြည်တော် ပျဉ်းမနားခုတင် (၁၀၀) ဆေးရုံသို့ပို့ဆောင်ကုသစဉ် နံနက် ၅ နာရီ ၅ မိနစ်ခန့်တွင် သေဆုံးသွားကြောင်း သိရှိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်အဖျက်သမားများသည် ပြည်တွင်း၌ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များ လုပ်ဆောင်ရန် နယ်စပ်မှတစ်ဆင့် အကြမ်းဖက်ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ စေလွှတ်လျက်ရှိကြောင်း သတင်းများရရှိထား သည်။ သို့ဖြစ်၍ အဆိုပါအကြမ်းဖက် ဖောက်ခွဲရေးသမားများနှင့် ဖောက်ခွဲရေးပစ္စည်းများကို သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးရမိရေး ကြိုးပမ်းလျက်ရှိသည်။
အကြမ်းဖက်ဖောက်ခွဲမှုများမပြုလုပ်နိုင်ရေးအတွက် အများပြည်သူတို့အနေဖြင့်လည်း မိမိတို့နေထိုင်ရာ၊အသက်
မွေးဝမ်းကျောင်းမှုပြုရာ၊ ကူးသန်းရောင်းဝယ်မှုပြုရာ အဝန်းအဝိုင်းအတွင်းသို့ အသွင်အမျိုးမျိုးဖြင့် ထိုးဖောက်ဝင် ရောက်မည့် ဖောက်ခွဲဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်အဖျက်သမားများကို အထူးသတိပြု စောင့်ကြပ်ကြည့် ရှုဖော်ထုတ်ပြီး မသင်္ကာဖွယ် တွေ့ရှိပါက တာဝန်ရှိသူများထံသို့ အချိန်မီ သတင်းပေးပို့ခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment