ထရပ်ကားကို နှစ်ဘီးတည်းဖြင့် အဝေးဆုံး မောင်းနှင်နိုင်သူ
သြတတြီးယားနိုင်ငံသား ဂျိုဟန်ရက်ဒယ်လ်သည် ၂၀၀၄ခုနှစ်၊ ဇွန် ၁၈ရက်က သြစကြီးယားနိုင်ငံ ၀ယ်ဝစ်လေဆိပ် ၌ ကီလိုဂရမ် ၇၄၂၀ (၁၆၃၅၈ပေါင်) အလေးချိန်ရှိသည့် လေးဘီးထရပ်ကားကို ၁၆ ဒသမ ၄ကီလိုမီတာ (၁၀ဒသမ ၁၉ မိုင်) အကွာအဝေးထိ နှစ်ဘီးတည်းဖြင့် ကားကိုတစ်စောင်းမောင်းကာ ကမ္ဘာ့မှတ်တမ်းတင်ခဲ့သည်။
ဆိုင်ကယ်ကို ဘီးတစ်ဘီးတည်းဖြင့် အကြိမ်အများဆုံး လှည့်နိုင်သူ
ဂျာမနီနိုင်ငံသား ဟော့စ်ဟော့ဖ်မန်းသည် ၂၀၀၆ခုနှစ်၊ စက်တင်ဘာလ ၉ရက်က ဂျာမနီနိုင်ငံ အော့ဘာစောဆင် မြို့တွင် မော်တော်ဆိုင်ကယ်ကို နောက်ဘီးတစ်ဘီးတည်း အသုံးပြုကာ စက္ကန့် ၃၀အတွင်း ၃၆၀ဒီဂရီ အနေအထားဖြင့် (၂၁)ကြိမ်လှည့်ကာ ကမ္ဘာ့မှတ်တမ်း၌ စံချိန်သစ် တင်ခဲ့သည်။ စံချိန်ဟောင်းမှာ ၄င်းကိုယ်တိုင် တင်ထားခဲ့သည့် စက္ကန့် ၃၀အတွင်း (၁၆)ကြိမ်ဖြစ်သည်။
အကြိမ်အများဆုံး လေယာဉ်ကျွမ်းထိုးနိုင်သူ
ယူအေအီးနိုင်ငံတွင် ၂၀၀၇ခုနှစ်၊ ဇန်န၀ါရီ ၂၉ရက်က ပြုလုပ်သည့် အယ်လ်အင်လေကြောင်း၊ စွမ်းရည်ပြပွဲ၌ ဟန်ဂေရီနိုင်ငံသား ဇိုလ်တန်ဗီရက်စ်ဆိုသူသည် လေယာဉ်ကို (၄၀၈)ကြိမ်အထိ ဆက်တိုက်ကျွမ်းထိုးကာ စွမ်းရည်ပြသပြီး ကမ္ဘာ့မှတ်တမ်း တင်နိုင်ခဲ့သည်။
Thursday, January 17, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment