ရပ်တည်ခဲ့သော မစ်ချီဂန်ပြည်နယ်သည်ယခုအခါ စီးပွားရေးအခြေအနေ
မလှဘဲဖြစ်နေသည်။
ထိုဒေသရှိအလုပ်သမားများအလုပ်လက်မဲ့ဘ၀ရောက်နေသည်။ယင်းပြည်နယ်၏
စီးပွားရေးကို မည်သို့ပြန်လည်မြှင့်တင်မည် ဆိုသောကိစ္စရပ်နှင့်ပတ်သက်၍
အမေရိကန်အခြေခံအဆင့် သမ္မတလောင်းရွေးပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်သူ
မစ်ရွမ်နေနှင့် ဂျန်မက်ကိန်းတို့သည်တနင်္ဂနွေနေ့ကထိပ်တိုက်စကား
စစ်ထိုးခဲ့ကြသည်။
မစ်ရွမ်နေသည်မစ်ချီဂန်ပြည်နယ်ဖွားတစ်ဦးဖြစ်သည်။ ၄င်းသည်
မွေးဇာတိပြည်နယ်တွင်အနိုင်ရရှိရေးအတွက်ကြိုးစားလျက်ရှိသည်။
မစ်ရွမ်နေသည်အိုင်အိုဝါပြည်နယ်အခြေခံအဆင့် မ္မတလောင်းရွေးပွဲတွင်
်အာကင်ဆောပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ဟာဘာဘီကို ရှုံးနိမ့်ပြီး
နယူဟမ်ရှိုင်းယားဒေသ အခြေခံအဆင့်သမ္မတလောင်းရွေးပွဲတွင်
အာရီဇိုးနားပြည်နယ်ဆီးနိတ်အမတ် အက်ကိန်းကို ရှုံးခဲ့ပြီးဖြစ်သည်။
မစ်ချီဂန်ပြည်နယ်တွင် အလုပ်သမားများ အလုပ်အကိုင်များ ပျောက်နေရသည်
့အဖြစ်ကိုမိမိလက်မခံနှိင်ကြောင်း၊ မက်ကိန်းသည် ပျောက်ကွယ်သွားပြီဖြစ်
သော အလုပ်အကိုင်များပြန်မရနိုင်တော့ဟု ပြောခဲ့သူဖြစ်ကြောင်း၊
၎င်းသည်အရှုံးကိုလက်ခံသောအရှုံးသမား၊အလျှော့ပေး
သမားသာဖြစ်ကြောင်းဖြင့် ရွမ်နေကပြိုင်ဘက်မက်ကိန်းကို ပုတ်ခတ်
ဝေဖန်သွားသည်။
ပျောက်ဆုံးသွားပြီးသော အလုပ်များပြန်ပေါ်လာမည်ဟု မိမိမပြောလိုကြောင်း၊
ထိုသို့ပြောရမည်ကိုရှက်ရွံ့ကြောင်း၊ သို့သော် မိမိအနေဖြင့်မစ်ချီနယ်သားများ
အတွက်အလုပ်အကိုင်သစ်များဖန်တီးနိုင်မည်ဟုဂုဏ်ယူစွာပြောကြားလို
ကြောင်း မက်ကိန်းကပြန်လည်ချေပခဲ့သည်။

No comments:
Post a Comment