ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှုး၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကွန်ကရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ တရုတ်ပြည်သူများအသင်းဥက္ကဋ္ဌ မဒမ်ခေါလုလီ ခေါင်းဆောင်သော
ချစ်ကြည်ရေးကိုယ်စလှယ်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီး
ဖြင့်ရောက်ရှိလာကြသည်။
အဆိုပါ ချစ်ကြည်ရေးကိုယ်စလှယ်အဖွဲ့ဝင်များအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးအောင်သိန်းလင်းနှင့် ဦးဥာဏ်ထွန်းအောင် ၊ ပြည်ထောင်စု
ုမြန်မာနိုင်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှုး ဦးဌေးဦးအား တရုတ်ပြည်သူ
သမ္မတနိုင်ငံ အမျိုးသားကွန်ကရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးနှင့်လက်နက်
ဖျက်သိမ်းရေးဆိုင်ရာ တရုတ်ပြည်သူများအသင်းဥက္ကဋ္ဌ မဒမ်ခေါလုလီ ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စလှယ်အဖွဲ့ဝင်များသည် ညနေ၃နာရီခွဲတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးအသင်း ဌာနချုပ်ရုံး ဧည့်ခန်းမသို့ သွားရောက်၍ တွေ့ဆုံနှုတ်ဆက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှုးဦးဌေးဦးက အသင်းကြီး၏ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်သူ့
အကျိုးပြုလုပ်ငန်းများတွင် ပြည်သူများနှင့်အတူဝိုင်းဝန်းဆောင်ရွက်နေမှုများကို အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။
ထို့နောက်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ တရုတ်ပြည်သူများအသင်းဥက္ကဋ္ဌ မဒမ်ခေါလုလီက ၄င်းတို့အသင်းကြီး၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ချီးကျုးဂုဏ်ယူပါကြောင်း ၊ မြန်မာနိုင်ငံ၏အရေးကိစ္စများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း ၊ နိုင်ငံတောေ်ရှ့ဆက်သွားမည့်မူဝါဒလမ်းစဉ်(၇) ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကိုလည်း အပြည့်အ၀ထောက်ခံပါကြောင်း ၊ အောင်မြင်စွာဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း၊နှစ်နိုင်ငံအသင်းများအတွင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုမြှင့်လုပ်ဆောင်သွားရန် ကတိပြုပါကြောင်းဖြင့် ပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများကို အပြန်အလှန်ပေးအပ်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးအောင်သိန်းလင်းနှင့် ဦးဥာဏ်ထွန်းအောင်၊ ဌာနချုပ်ရုံးမျ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညပိုင်းတွင်အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက အဆိုပါချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
Friday, January 11, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment