Sunday, January 13, 2008

ထူးခြားဖြစ်စဉ်ကမ္ဘာတစ်ခွင်

  • ဂျပန်နိုင်ငံ တိုကျိုမြို့မြောက်ဘက်ရှိ အဇူမာတောင်ပေါ်သို့ တက်ရောက်နေသော တောင်တက်သမားတစ်ဦး သီတင်းတစ်ပတ်ခန့် ပျောက်ဆုံးနေရာမှ ဇန်န၀ါရီ ၁၂ရက်၌ ရှာဖွေရေးအဖွဲ့များက ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်။
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဇန်န၀ါရီ ၁၂ရက်က မီးလောင်မှုဖြစ်ပွားရာ လူ ၅၀ ခန့် ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးခဲ့သည်။
  • တရုတ်နိုင်ငံ ချန်ဒူမြို့၌ ဇန်န၀ါရီ ၁၂ ရက်က ဆီးနှင်းများ ထူထပ်စွာ ကျဆင်းခဲ့ရာ လေယာဉ်ခရီးစဉ် ၄၀၈ ခု ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသည် ၁၂၀၀၀ကျော် လေဆိပ်များ၌ သောင်တင်ခဲ့သည်။
  • စပိန်နိုင်ငံ မက်ဒရစ်မြို့မြောက်ပိုင်းတွင် ဇန်န၀ါရီလ ၁၂ရက်က အအေးလှိုင်းကျရောက်ခဲ့ရာ အပူချိန် ရေခဲမှတ်အထိကျဆင်းခဲ့သဖြင့် လေးဦးသေဆုံးခဲ့သည်။
  • မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးမြို့၌ ဇန်န၀ါရီ ၁၂ရက် နံနက်က ရေခဲပြင်လျှောစီးသူ ၂၂၅ဦးတို့က စုပေါင်း ရေခဲပြင်လျှောစီးခဲ့ရာ ကမ္ဘာပေါ်တွင် အရေအတွက်အများဆုံးအဖြစ် ဂင်းနက်စ်မှတ်တမ်း ၀င်ခဲ့သည်။
  • အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းကမ်းလွန်တွင် ဇန်န၀ါရီ ၁၂ရက် နံနက်က အင်အားရစ်ခ်ျတာစကေး ၆ဒဿမ၂ရှိ ငလျင်လှုပ်ခဲ့ရာ ကျွန်းရှိ အဆောက်အအုံများ ယိမ်းထိုးလှုပ်ခါသွားခဲ့သည်။
  • ကနေဒါနိုင်ငံ တိုရွန်တိုမြို့အနောက်ဘက် မိုင်၁၂၀ ခန့်အကွာ၌ ဇန်န၀ါရီ ၁၂ ရက် နံနက်က ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးအပါအ၀င် နှစ်ဦးသေဆုံးခဲ့သည်။
  • ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ဇန်န၀ါရီ ၁၂ ရက်က မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ဒိုတွန်ဘိုရီမြစ်အတွင်း ထိုးကျခဲ့သော်လည်း မော်တော်ယာဉ်ပေါ်ရှိ လူ ၃ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

No comments: