Monday, February 4, 2008

ဆီးနှင်းမုန်တိုင်းဒဏ် ဟူနန်ပြည်နယ် အဆိုးရွားဆုံးခံရ

တရုတ်နိုင်ငံ၌ နှင်းမုန်တိုင်းဒဏ်အဆိုးရွားဆုံး ခံစားရသောဒေသမှာ ဟူနန်ပြည်နယ်ဖြစ်သည်။ ယင်းဒေသတွင် ပြတ်တောက်သွားခဲ့ရသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု အခြေအနေသည် ဖေဖော်ဝါရီလ ၂ရက်နေ့ မှစ၍ တစ်စိတ်တစ်ဒေသ ပြန်လည်ကောင်းမွန် လာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသား ဓာတ်အားကွန်ကရက် အဖွဲ့ (အင်ဂျင်စီ) ကပြောကြားသည်။

ပို၍ဆိုးရွားလာ
နှင်းမုန်တိုင်းဒဏ် ပြင်းထန်မှုကြောင့် အချိုသော တရုတ်နိုင်ငံ၏ ဒေသများတွင် ဓာတ်အားပြတ်တောက် နေခဲ့သည်မှာ ရှစ်ရက်ပင်ရှိသွားပင် ဖြစ်သည်။
ဟူနန်ပြည်နယ်၏ ဒေသအတော်များများရှိ ဓာတ်အားဖြန့်ဖြူးလိုင်း များမှာ နှင်းများအကျကြမ်းသည့် အတွက်သစ်ကိုင်းများ ကျိုးကျကာ ပြတ်တောက်ကုန်ခြင်း ၊ တာဝါတိုင်များ ကျိုးကျခြင်း စသည့် အခြေနေများနှင့် ကြုံတွေရသည်ဟု အင်ဂျင်စီအဖွဲမှ ဒုတိယညွှန်ကြားရေးမှူး ရင်ဂျီဂျွန်ကပြောကြား သည်။ ဖေဖော်ဝါရီ ၁ရက်က နှင်းများသည် ထပ်မံ ကျလာပြန်သည်။ နှင်းများကြောင့် နိုင်ငံအလယ်ပိုင်း ၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများ၏ အခြေအနေမှာ ပို၍ဆိုးရွားလာသည်ဟု ဆိုသည်။
လူဦးရေလေးသန်းမျှနေထိုင်သော ကွမ်းကျိုးမြို့ မှာ ရေနှင့်လျှပ်စစ်မီးပြတ်တောက် ခဲ့ရသည်မှာ ရှစ်ရက်ကြာ ရှိသွားပြီဖြစ်သည်။ ဟန်ယောင်နှင့် ယောင်ကျို့ မြို့ကြီးများသည်လည်း ဓာတ်အားပြတ်တောက်မှု ဒဏ်ကို ခံကြရသည်။
ကွမ်းကျိုးမြို့သည် ရာသီဥတု ဆိုးရွားမှုကြောင့် အသွားအလာ အဆက်အသွယ်များပြတ်သွားခဲ့သည်။ သို့သော် အင်ဂျင်စီမှ လုပ်သား များ၏ကြိုးပမ်းမှု ကြောင့် မြို့၏ဒေသအချို့ မီးပြန်ရပြီ ဖြစ်သည်။
ထိုမြို့ရှိအရေးပါသော ဆေးရုံနှင့် စက်ရုံအလုပ်ရုံများတွင် လျှပ်စစ်ဓာတ်အား ဆက်လက်၍ ပေးနိုင်ရန် အရေးပေါ် ဓာတ်အားပေးစက် အချိုကိုလည်းပေးပို့ခဲ့သည်။ လျှပ်စစ်ဓာတ်အားအနေဖြင့် လုပ်သားအင်အား ၁၇၀၀၀၏ အကူအညီဖြင့် ဓာတ်အားပြန်လည်ပို့ လွှတ်နိုင်ရေး စီစဉ်ကြိုးပမ်းလျက်ရှိသည်။

No comments: