Sunday, February 3, 2008

ယူရိုငွေ ကုဋေ၁၅၀ ဖိုးတိုက်လေယာဉ်များ ပြင်သစ်ထံမှ အိန္ဒိယ၀ယ်ယူရန်ရှိ

အန္ဒိယအစိုးရဟာ ပြင်သစ်နိုင်ငံရဲ့လက်နက်ကုမ္ပဏီ "သေးလ်စ်"ကိုတစ်ဦးတည်းသော တင်ဒါတင်သူအဖြစ် သတ်မှတ်လိုက်ပြီး ဒီကုမ္ပဏီ ကသာ ယူငွေကုဋေ ၁၅၀ ဖိုးရှိတဲ့ တိုက်လေယာဉ်တွေဝယ်ဖို့ ဆုံးဖြတ်တော့မဲ့ ဆဲဆဲ ရှိနေပြီလို့ သတင်းရရှိပါတယ်။
အိန္ဒိယရှိ သေးလ်ကုမ္ပဏီရုံးခွဲရဲ့ ညွှန်ကြားရေးမှူး ဖရန်ဆွာဒျူးမွန့်ရဲ့ အပြောအရ နစ်ကလပ်စ်ဆာကိုဇီ ရောက်လာမယ့် သောကြာနေ့ ကျမှအချိန်ကိုက်ထုတ်ပြန် ကြေညာဖွယ်ရှိတယ်လို့ သိရပါတယ်။
အိန္ဒိလေတပ်ဟာ သေးလ်စ်ရဲ့ မိတ်ဆွေအသင်း ဒဲ့ဆော့လ်ကုမ္ပဏီလုပ်မီရပ်ခ်ျ-၂၀၀၀တိုက်လေယာဉ် (၅၁)စင်းကို အဆင့်မြှင့်ဖို့စီစဉ်နေတာ ဖြစ်ပါတယ်။ဒါပေမဲ့အခု ကန်ထရိုက်ကိုတော့ ချက်ချင်းလက်မှတ်ထိုးကြဦး မှာမဟုတ်သေးဘဲ ၂၀၀၉ခု ထဲကိုပင်ရောက်သွားနိုင်တယ်လို့ဆိုပါတယ်။
ဒီလေလံပွဲမှာ အမေရိကန်ရဲ့ဘိုးအင်းနဲ့ လော့ခ်ဟိမာတင်ကုမ္ပဏီ တွေကသူတို့ရဲ့အက်လ် - ၁၈ နဲ့အက်ဖ်- ၁၆တွေကိုတင်သလို ၊ဥရောပက ယူရိုက်ဖိုက် တာတိုက်ဖုန်း၊ ရုရှားနှင့်အမ်အိုင်ဂျီ - ၂၉ ၊ ဆွီဒင်နိုင်ငံရဲ့ ဂရိုင်ပဲန်တိုက်လေယာဉ်တွေလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ပေမဲ့ပြင်သစ်ကိုကိုသာ လက်ခံလိုက်တာ ဖြစ်ပါတယ်။ မစ္စတာဒျူးပွန့်ရဲ့အပြောအရ ခံ ဆော့ခ် ကုမ္ပဏီက ဒေါ်လာကုဋေတစ်ထောင် ဖိုးရှိတဲ့ တိုက်လေယာဉ်၁၂၆ စင်း ကန်ထရိုက်ကိုပါ မတ်လတင်ဒါ ပိတ်ချိန်မှာ ကမ်းလှမ်းဦးမယ်လို့ သိရပါတယ်။
အိန္ဒိယဟာ သူ့ရဲ့လက်နက်တိုက်ကြီးကို ပြုပြင်ဖြန့်တင်ဖို့ ဒေါ်လာ ကုဋေသုံးထောင်ဖိုးမျှ သုံးဆွဲဖို့ပြင်ဆင်ထားပြီး ဟောင်းနွမ်းလာပြီးဖြစ်တဲ့ ရုရှားလုပ် အမ် အိုင်ဂျီ - ၂၁ တွေကို အစားဖို့သာမက ဥရောပကုမ္ပဏီ ယူရိုကော့ပတာ ကုမ္ပဏီလုပ်ရဟတ်ယာဉ် ၁၉၇စင်းကိုလည်း ဒေါ်လာသန်း၆၀၀ ဖိုးမျှ နဲ့ဖြန့်တင်းဖို့ရှိပါတယ်။ ၂၀၀၆ ခုနှစ်က ပြင်သစ်-စပိန်ပူတွဲထုတ်လုပ်တဲ့ "စကော်ပိန်း" ရေငုပ် သဘောင်္ခြောက်စင်းကို ဒေါ်လာကုဋေ သုံးထောင်ဖိုးနဲ့ ၀ယ်ဖို့စီစဉ်ခဲ့ရာမှာ လက်စားမှု အရှုပ်တော်ပုံ ပေါ်ခဲ့လို့ မပြီးမပြတ်ဖြစ်နေသေး ကြောင်းလည်းသိရပါတယ်။

No comments: