ဖီလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်း တောင်ပိုင်းတွင် ဇန်န၀ါရီ၃၀ရက်က ဖီလစ်ပိုင်အထူးတပ်ဖွဲ့နှင့် ကွန်မြူနစ်ဝါဒီသူပုန် များအကြား တိုက်ပွဲဖြစ်ပွားရာ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ငါးဦးထပ်မနည်းသေဆုံးပြီး ခြောက်ဦးဒဏ်ရာရှိ ကြောင်းစစ်ဘက်ပြောရေးဆိုခွင့် ရှိသူကပြောကြားသည်။
တိုက်ပွဲဖြစ်ပွားရာအရပ်သည် နိုင်ငံအရှေ့တောင်ပိုင်း စိုက်ပျိုးရေးနှင့် သတ္တုလုပ်ငန်းတို့လုပ်ကိုင်သည့် ကာတီလ်မြို့ အနီးပတ်ဝန်းကျင်ဒေသ ဖြစ်ကြောင်းဗိုလ်မှူးကြီး ဘီနီတိုဒီလီအွန်က ပြောကြားသည်။
မင်ဒါနာအိုကျွန်း တောင်ပိုင်းတွင် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်းလာရာ ယခုနှစ်အတွင်း အစိုးရကသူပုန်စခန်း ၃၀ကျော်ကို နှစ်ဆတိုး၍ ဖြိုခွင်းမည်ဟု စီမံချက်ထုတ်ပြန်ခဲ့ပြီးနောက် သူပုန်များကတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်ကြောင်းစစ်ဘက်ကပြောကြားသည်။

No comments:
Post a Comment