*ကနေဒါနိုင်ငံ နယူးဖောင်လန်ပြည်နယ် ကမ်းလွန်တွင် ဖေဖော်ဝါရီနှစ်ရက်က သဘောင်္ငယ်တစ်စင်းနှစ်မြုပ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိသည်။
# အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အနောက်မြောက်ပိုင်း၌ ဖေဖော်ဝါရီ ၁ရက်က လေယာဉ်ငယ်တစ်စင်းပျက်ကျ ခဲ့ရာ ခြောက်ဦးသေဆုံးခဲ့သည်။
*ဘိုးရီးယားနိုင်ငံ ထရီနီဒက်မြို့အနီးတွင် ဖေဖော်ဝါရီ၂ရက်က ခရီးသည်၁၅၀ တင်ဆောင်လာသော ဘိုးရင်း -၇၂၇လေယာဉ်တစ်စင်း မုန်တိုင်းမိ၍ အရေးပေါ်ထိုးဆင်းခဲ့ရာ ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့သော်လည်း အားလုံးကယ်ဆယ်နိုင်ခဲ့သည်။
#ကနေဒါနိုင်ငံ အွန်တာရီရိုနှင့် ကွီဘတ်ပြည်နယ်များ၌ ဖေဖော်ဝါရီတစ်ရက်က နှင်းမုန်တိုင်းများတိုက်ခတ်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းခဲ့မှုကြောင့် ယာဉ်တိုက်မှု၁၀၀ကျော်ဖြစ်ပွားပြီး ၁၅ဦးသေဆုံးကာ ၂၀ကျော်ဒဏ်ရာ ရရှိခဲ့သည်။
*အာဂျင်တီးနားနိုင်ငံ ဆယ်လ်တာပြည်နယ်မြောက်ပိုင်း ရီဗာဒါဗီင်္းရားမြို့၌ ဖေဖော်ဝါရီ၁ရက်က မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေလွှမ်းမှုဖြစ်ပေါ် ခဲ့ရာ ဒေသခံပြည်သူ၁၈၀၀၀ခန့် ရေဘေးဒုက္ခ ကြုံတွေနေရသည်။
#ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့အနောက်ဘက် မိုင်၁၅၀ ခန့်အကွာ ကျေးရွာတစ်ရွာအနီးတွင် ဖေဖော်ဝါရီ၁ရက်က အရှည်ငါးပေကျော်ရှိသော မိကျောင်းတစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို တွေရှိခဲ့ရာ အဆိုပါမိကျောင်းသည် လွန်ခဲ့တဲ့နှစ်သန်း ၈၀ခန့်က ရှင်သန်ကျက်စားခဲ့သော မိကျောင်းတစ်ကောင်၏ ကျော်ဖြစ်ရုပ်ကြွင်းဖြစ်သည်ဟု သုတေသနပညာရှင်များ ကပြောကြားသည်။
*ဟန်ဂေရီနိုင်ငံ အလယ်ပိုင်း တိုရိုဇင့်မစ်လော့စ်မြို့နှင့် အိုဘာလာမြို့အကြား၌ ဖေဖော်ဝါရီနှစ်ရက်က စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။
# ပါကစ္စတန်နိုင်ငံ စစ်ဘက်က ဖေဖော်ဝါရီ၁ရက်၌ တာဝေးပစ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာစမ်းသပ် ပစ်လွှတ်လိုက်သည်။ ထိုဒုံးကျည်သည် တာဝေးပစ်ဒုံးကျည် အမျိုးအစားဖြစ်ပြီး သီတင်းတစ်ပတ်အတွင်း ဒုတိယ အကြိမ်စမ်းသပ် ပစ်လွှတ်ခြင်းဖြစ်သည်။
Tuesday, February 5, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment