Monday, February 4, 2008

ပီရူး၌ ရေတပ်သင်္ဘော ပေါက်ကွဲမှုဖြစ် လူ၁၅ဦးဒဏ်ရာ ရရှိ

ပီရူး ရေတပ်သင်္ဘောတစ်စင်း ပေါက်ကွဲမှုများဖြစ်ပြီး မီးလောင်ကျွမ်းနှစ်မြုပ်ခဲ့ရာ လူ၁၅ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ပြီး ရေနံယိုဖိတ်မှုလည်းဖြစ်ခဲ့သည်။ အဆိုပါသင်္ဘောသည် ဘီပီဇက်ဇ် စွမ်းအင်လုပ်ငန်းအတွက် လောင်ဆာသယ်ဆောင်နေသည့် သင်္ဘောဖြစ်သည်။
အကာပူလ်ကို ဆိပ်ကမ်းမှ ရှစ်ကီလိုမီတာအကွာတွင် သင်္ဘောပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ၊ မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသူများကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း ဇော်ရီတိုစ် မြို့တော်ဝန် တီတိုဒီလာမာက ပီးရူးအသံလွှင့် ဌာန(အာရ်ပီပီ) သို့ပြောကြားသည်။
အနည်းဆုံးသုံးကြိမ်ပေါက်ကွဲ မှုဖြစ်ခဲ့ကြောင်း၊ ယခုချိန်ထိပေါက်ကွဲမှု အကြာင်းရင်းကို မသိရသော်လည်း ၀ါယာရှော့ကြောင့်ဟု ယူဆရကြောင်း ဒီလာမာကပြောကြားသည်။ အခင်းဖြစ်ပွားရာ နေရာသို့ မီးသတ်တပ်ဖွဲ့ ၊ ရဲတပ်ဖွဲ့နှင့် ဘီပီဇက်ဇ်ဝန်ထမ်းများက ကယ်ဆယ်ရေးလုပ်ငန်း သွားရောက်လုပ်ကိုင်ခဲ့သည်။ ဘီပီဇက်ဇ် ကုမ္ပဏီသည် အမေရိကန်မှ လာရောက်ရင်းနှီးမြုပ်နှံ လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပြီး ပီရူးရေတပ်သင်္ဘောများသည် ထိုကုမ္ပဏီအတွက် လောင်စာသယ်ပေးလျက်ရှိသည်။
ဘီပီဇက်ဇ် စွမ်းအင်ကုမ္ပဏီ ရုံးချုပ်သည် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် တည်ရှိပြီး ၂၀၀၁ခုနှစ်တွင် လုပ်ငန်းစတင်အကောင်အထည်ဖော် ခဲ့သည်။ ယင်းကုမ္ပဏီသည် ရေနံရှာဖွေခြင်း ပြည်ပနိုင်ငံများ၌ ရေနံနှင့် ဟိုက်ဒရိုကာဗွန် ထုတ်လုပ်သည့် လုပ်ငန်းတို့ကို ဆောင်ရွက်ပြီး အထူးသဖြင့် ပီးရူးနှင့် အီကွေဒေါနိုင်ငံ တို့တွင် လုပ်ဆောင်လျက်ရှိသည်။

No comments: