Thursday, January 15, 2009

သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင် ရွှေပြည်သာစက်မှုဇုန်(၁) ရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး


သစ်တောရေးရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်သည် ဇန်န၀ါရီ ၉ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရွှေပြည်သာစက်မှုဇုန်(၁)ရှိ နယူးဘရားသားလီမီတက် သစ်အခြေခံစက်ရုံသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းအောင်က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးဝင်းထွန်းနှင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
တင်ပို့ရောင်းချ
ထို့နောက်ဝန်ကြီးသည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ စက်ရုံမှ ကျွန်းသစ်မာ တန်ဖိုးမင့်သစ်ခွဲသားများ ထုတ်လုပ်လျက်ရှိပြီး ပြည်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ဆက်လက်၍ ၀န်ကြီးသည် ဒိုင်းမွန်းမာကျူရီကုမ္ပဏီ သစ်အချောထည်စက်ရုံသို့ရောက်ရှိရာ ဒါရိုက်တာ ဒေါ်ယမင်းထွန်းက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်ဝန်ကြီးသည် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် ကြမ်းခင်းလျှာထိုးများ၊ သစ်ခွဲသားများ ပါကေးများထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

No comments: