ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းရေး အရှေ့အလယ်ပိုင်းညီလာခံကျင်းပပြီးသည့်နောက် ချစ်ကြည်ရေးခိုင်မာစေရန်ရည်ရွယ်လျက် ပါလက်စတိုင်း အကျဉ်းသား(၄၀၀)ကို အစ္စရေးက တနင်္လာနေ့တွင် စတင်လွှတ်ပေးလိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ ကက်ဇီးယော့အကျဉ်းထောင်မှ လွတ် မြောက်လာသည့် အကျဉ်းသားများသည် မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြသည်။
တောင်ပိုင်းသဲကန္တာရရှိ အစ္စရေးအကျဉ်းထောင်မှ ပါလက်စတိုင်း အကျဉ်းသား (၄၂၉)ဦးကို လွှတ်ပေးမည်ဖြစ်ပြီး ပါလက်စတိုင်းအကျဉ်းသား (၄၀၈)ဦးကို အနောက်ဘက်ကမ်းဒေသသို့ လည်းကောင်း ၂၁ဦးကို ဂါဇာသို့လည်းကောင်း ပို့ပေးမည်ဟု အစ္စရေးအကျဉ်းထောင်
တာဝန်ရှိသူ က ပြောကြားသည်။
ပါလက်စတိုင်း အကျဉ်းသားအများစုမှာ အဘတ်စ်၏ ဖာတာအုပ်စုမှ ဖြစ်ကြသည်။ အဆိုပါအကျဉ်းသားများကို ဆေးစစ်မှုပြုပြီး ကြက်ခြေနီ အဖွဲ့ မှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံပေးခဲ့ကြောင်း အစ္စရေးအကျဉ်းထောင် တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
Wednesday, December 5, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment