Tuesday, December 11, 2007

နိုင်ငံတကာသတင်း

တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်း၌ ကုန်တင်သင်္ဘော တိမ်းစောင်းမှုဖြစ်ပွား
သင်္ဘောသား ၂၁ဦးအား ကယ်ဆယ်နိုင်ခဲ့

တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ၀ီဟိုင်းဆိပ်ကမ်း၏ မြောက်ဘက်မိုင်၂၀ခန့်အကွာ ပင်လယ်ပြင်၌ ဒီဇင်ဘာ၇ရက်က မြောက်ကိုးရီးယား ကုန်တင်သင်္ဘောတစ်စင်း တိမ်းစောင်းမှုဖြစ်ပွားရာ တရုတ်ရေးကြောင်း
ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များက သင်္ဘောသား ၂၁ဦးအား ကယ်ဆယ်နိုင်ခဲ့ ကြောင်းဆင်ဟွာသတင်း၌ ဖော်ပြသည်။
တိမ်းစောင်း
အဆိုပါ ဇူမင်း(၃) အမည်ရှိ မြောက်ကိုးရီးယားကုန်တင်သင်္ဘောမှာ တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် ဆိပ်ကမ်း
သို့သင်္ဘောဆိုက်ကပ်ရန် မောင်းနှင်လာစဉ် သင်္ဘောတိမ်းစောင်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သင်္ဘောတိမ်းစောင်းမှုဖြစ်ပွားရာသို့ တရုတ်ရေကြာင်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရေယာဉ်များနှင့် ငါးဖမ်းစက်လှေ လေးစင်းတို့ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်ခဲ့ကြသည်။

No comments: