Friday, December 14, 2007

တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယား ကုန်ရထားပြေးဆွဲမှု ပြန်လည်စတင်

ကိုးရီးယားနှစ်နိုင်ငံနယ်စပ်အကြား ကုန်ရထားပြေးဆွဲမှုကို ၅၆နှစ်ကြာ ပိတ်ထားခဲ့ရာမှ ဒီဇင်ဘာ၁၀ရက်တွင်
နေ့စဉ်ပုံမှန် ရထားပြေးဆွဲမှုကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။
ပထမဆုံး စတင်ပြေးဆွဲသည့် ကုန်တင်ရထားမှာ တောင်ကိုးရီးယားနိုင်ငံ မွန်ဆန်ဘူတာရုံမှနေ၍ ဒီဇင်ဘာ
၁၁ရက် နံနက် ၆နာရီ မိနစ်၂၀တွင် စတင်ထွက်ခွာသွားခဲ့သည်။

No comments: