# အယ်လ်ဂျီးရီးယားနိုင်ငံ ဟိုင်ဒရာမြို့တွင် ဒီဇင်ဘာ၁၀ရက်က အင်းအားပြင်း ဗုံးနှစ်လုံး
ပေါက်ကွဲမှုဖြစ်ပွားရာ ၆၇ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ ခဲ့သည်။
# ဘိုလီဗီးယားနိုင်ငံ လီမာမြို့တွင် ဒီဇင်ဘာ၁၀ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး
အချိန်လွန်ပြီး ကုန်တင်မော်တော်ယာဉ်တစ်စီးကို ၀င်တိုက်ခဲ့ရာ ရှစ်ဦးပွဲချင်ပြီးသေဆုံး၍
၁၁ဦး ဒဏ်ရာရရှိခဲ့သည်။
# ဂျာမဏီနိုင်ငံတောင်းပိုင်း ဇင်စီမြို့တွင် ဒီဇင်ဘာ၁၀ရက်က ဆီးနှင်းများ ထူထပ်သိပ်သည်း
စွာကျဆင်းခဲ့ရာ ဆီးနှင်းထုမှာ အချို့နေရာများ၌ သုံးပေခန့်မြင့်ခဲ့သည်။
# အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အနောက်ဘက်ကမ်းလွန်တွင် ဒီဇင်ဘာ၁၀ရက်က ခရီးသည်
တင်စက်လှေကြီးတစ်စင်း နစ်မြုပ်ခဲ့ရာ ၁၅ဦးသေဆုံးခဲ့ပြီး ၁၀ဦးပျောက်ဆုံးလျက်ရှိသည်။
# ဘရားဇီးနိုင်ငံ ဘရာဇီးလီးယားမြို့တွင် ဒီဇင်ဘာ၁၁ရက်က အအေးလှိုင်းကျရောက်ခဲ့ရာ
အပူချိန်ရေခဲမှတ် အောက်အထိကျဆင်းခဲ့ပြီး သုံးဦးသေဆုံးခဲ့သည်။
Thursday, December 13, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment