Wednesday, December 12, 2007

အမေရိကန်နိုင်ငံလွင်ပြင်ဒေသများ၌နှင်းမုန်တိုင်းကျ၍အနည်းဆုံး ၁၄ဦးသေဆုံး

အမေရိကန်နိုင်ငံ လွင်ပြင်ဒေသများ၌ ပြင်းထန်သောနှင်းမုန်တိုင်းတိုက်ခတ်ရာ အနည်းဆုံး
၁၄ဦးသေဆုံးပြီး လူဦးရေ ၄၀၀၀၀၀ ကျော်မှာလျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံ
တွေ့ခဲ့ရကြောင်း အာဏာပိုင်များက ဒီဇင်ဘာ၁၀ရက်တွင် ပြောကြားသည်။
အေးလွန်းသဖြင့် သစ်ပင်သစ်ကိုင်းများနှင့် ဓာတ်ကြိုးများပေါ်တွင် နှင်းခဲများ စုပုံလာသည့်
အတွက် သစ်ကိုင်းများကျိုးကျခြင်းနှင့် ဓာတ်ကြိုးများ ပြတ်တောက်သည့်အဖြစ်များနှင့်ကြုံ
ကြရသည်။
အိုကလာဟိုးမားပြည်နယ်တွင် လူဦးရေ ၃၁၁၀၀၀ ကျော်နှင့် မစ်ဇိုရီပြည်နယ်တွင် လူဦးရေ
၉၀၀၀၀ ကျော်မှာ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ကုန်သည့် အခြေအနေနှင့် ကြုံကြ
ရသည်။အီလီနွိုက်ပြည်နယ်မှ လူဦးရေ ၁၀၀၀၀ ကျော်နှင့်ကင်းဆတ်ပြည်နယ်မှ လူဦးရေ
၄၀၀၀ ကျော်မျာလည်း အလားတူအဖြစ်မျိုးနှင့် ရင်ဆိုင်ကြရသည်။
အမ်အင်အေ၊ရိုက်တာ။

No comments: