Friday, December 7, 2007

ဘဂ္ဂဒက်၌ ဗုံးပေါက်ကွဲ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက် အရှေ့ပိုင်းတွင်လမ်းဘေးဗုံးပေါက်ကွဲသဖြင့် အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိကြောင်းအမေရိကန်
စစ်ဘက်က တနင်္ဂနွေနေ့တွင်ပြောကြားသည်။အမေရိကန်တပ်ဖွဲ့ဝင်များကင်းလှည့်နေစဉ် လမ်းဘေးဗုံးပေါက်ကွဲခဲ့ကြောင်း စစ်ဘက်ကြေညာချက်
တွင်ဖော်ပြထားသည်။သေဆုံးသူအမေရိကန်တပ်ဖွဲ့ဝင်၏ မိသားစုများထံသို့သေဆုံးသည့်သတင်း အကြောင်းကြားနေချိန်အတွင်းသေဆုံးသူတပ်ဖွဲ့
ဝင်များ၏နာမည်ကိုထုတ်ဖော်ပြောကြားခြင်းမရှိပေ။
အမေရိကန်ဦးဆောင်၍အီရတ်နိုင်ငံအတွင်းသို့၂၀၀၃ခုနှစ်တွင်ကျူးကျော်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်းယင်းနိုင်ငံတွင်သေဆုံးခဲ့သည့်အမေရိကန်
တပ်ဖွဲ့ဝင်ဦးရေမှာ၃၈၈၀ ရှိပြီဖြစ်ကြောင်းအမေရိကန် စစ်ဌာနချုပ်၏စာရင်းများအရ သိရှိရသည်။

No comments: