တောင်အာဖရိကနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံရေးအတွက် လာမည့်နှစ်များတွင်
ဇီဝလောင်စာ ထုတ်လုပ်မှုလျာထားချက်ကို လျှော့ချသွားမည်ဖြစ်ကြောင်း စွမ်း
အင်ဝန်ကြီးဌာနက ဒီဇင်ဘာ ၆ရက်တွင် ပြောကြားသည်။၂၀၀၃ ခုနှစ်ထက်
နောက်မကျဘဲ ဇီဝလောင်စာ ထုတ်လုပ်မှုလျာထားချက်ကို စုစုပေါင်းလောင်
စာထုတ်လုပ်မှု၏ ၄ဒဿမ ၅ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ရန် ၀န်ကြီးအဖွဲ့
ကသဘောတူကြောင်း ပရီတိုးရီးယား၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ
တွင်သတ္ထုနှင့်စွမ်းအင်ရေးရာဝန်ကြီး ဘူရီဝါဆွန်ဂျီကာက ပြောကြားသည်။
တောင်အာဖရိကနိုင်ငံတွင် ဇီဝလောင်စာ ဖွံ့ဖြိုးရေးသည် စက်မှုလုပ်ငန်းဖွံ့
ဖြိုးရေးမဟာစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။ဇီဝလောင်စာ
ဖွံ့ဖြိုးရေးအတွက် ကနဦးတွင် ပြောင်းဖူးကို သုံးစွဲသွားရန် ရည်ရွယ်ထားသည်။
ဆင်းရဲသည့်နိုင်ငံများတွင် ပြောင်းဖူးသည် အဓိကအစားအစာဖြစ်ပြီး စားနပ်ရိ
က္ခာဖူလုံရေးအတွက် စားသောက်ကုန်ဈေးနှုန်းတက်မည်ကို စိုးရိမ်ပူပန်လျက်ရှိ
သည်ဟု ဆွန်ဂျီကာပြောကြားသည်။
အမ်အင်အေ၊ဆင်ဟွာ။
Wednesday, December 12, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment