မြန်မာ့အလင်းသတင်းစာတွင် ယခုလ(၂၅)ရက်နေ့ နံနက်က ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ် ဘောဂလိကျေးရွာ ကားလမ်းပေါ်ရှိ
မိုင်တိုင်အမှတ်(၁၈)နှင့် (၂၀) အကြားတွင် သံဃာတော်များနှင့် အာဏာပိုင်များ လိုက်ပါလာသည့်မော်တော်ယာဉ်ကို ကေအန်ယူ ပစ်ခတ်တိုက်ခိုက်သဖြင့် သက်တော် (၄၂)နှစ်ရှိ သံဃာတော်တစ်ပါးနှင့် အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။
ပျံလွန်တော်မူသွားသည့်ဆရာတော် ဘဒ္ဒန္တ၀ိမလသည် ရန်အောင်မြင် သာသနာပြုကျောင်းဆရာတော်ဖြစ်ပြီး ဘောဂလိကျေးရွာ၌
ကျင်းပသည့် ရန်အောင်သာစည်ဆုတောင်းပြည့်စေတီတော် အုတ်မြစ်ချအခမ်းအနားသို့ သွားရောက်ပြီးအပြန်တွင် ကေအန်ယူသောင်းကျန်းသူ(၃)ဦးက လက်နက်ငယ်များဖြင့် ပစ်ခတ်ကြသဖြင့် ဦးခေါင်းတွင် ထိမှန်ကာ တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြခဲ့ပါသည်။
Monday, December 3, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment