ပြန်လည်ကျင်းပသည့်အစ္စရေး-ပါလက်စတိုင်းဆွေးနွေးပွဲသည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ရရှိရန်အတွက်အကျိုးဖြစ်ထွန်းစေမည့်
ဆွေးနွေးပွဲမဟုတ်ဟုဆိုကာ အာရပ်နိုင်ငံများက ပယ်ချလိုက်သည်။
မေရီလင်းပြည်နယ် အနာပိုလစ်စ်မြို့တွင် ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်သည့်အမေရိကန်သမ္မတဂျော့ဂ်ျဘုရှ်၏
အမှန်တကယ်ရည်ရွယ်ချက်သည် အီရတ်နှင့်အာဖဂန်နစ္စတန်တို့တွင် သိက္ခာကျခဲ့မှုကို ပြန်လည် အဖတ်ဆယ်ရန်နှင့် အာရပ်နိုင်ငံ များ
၏ ရန်သူသည် အစ္စရေးမဟုတ်ဘဲ အီရန်သာ ဖြစ်သည်ဟု အာရပ်နိုင်ငံများကို သိမ်းသွင်းရန်သာဖြစ်သည်ဟု လူအချို့က စောဒကတက်
ပြောကြားသည်။ အနာပိုလစ်စ်ဆွေးနွေးပွဲသည်အောင်မြင်မှု မရှိသည်မှာ အထင်အရှားဖြစ်ပြီး အာဘတ်စ်အနေဖြင့် မည်သည့် အောင်မြင်
မှုမှမရဘဲ လက်ချည်းသက်သက်ဖြင့် ပါလက်စတိုင်းသို့ ပြန်သွားရသည်ဟု ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အယ်လ်ဘီရီယန်က
ပြောကြားသည်။
Monday, December 3, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment