Tuesday, January 22, 2008

အီရန် နျူကလီးယားစက်ရုံအတွက် ယူရေနီယံများ ရုရှားမှပေးပို့

အီရန်နိုင်ငံ ဘူဇာနျူကလီးယား ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ယူရေနီယံများကို ရုရှားတို့က အီရန်နိုင်ငံသို့ ပေးပို့မှုမှာ ဇန်န၀ါရီ၂၀ရက်က ရောက်ရှိလာခဲ့သည်။

အသုံးပြုရန်

ထိုယူရေနီယံများမှာ အီရန်နိုင်ငံ၏ ပထမဆုံး နျူကလီးယား ဒာတ်အားပေးစက်ရုံဖြစ်သည့် ဘူဇာစက်ရုံတွင် အသုံးပြုရန်ဖြစ်ပြီး ယခုတင်ပို့ပေးလိုက်သော ယူရေနီယံများမှာ လေးကြိမ်မြောက်ဖြစ်သည်ဟု ရုရှားအရာရှိများက ပြောကြားသည်။

ပြောကြား

ယူရေနီယံလောင်စာတန်ချိန် ၁၁တန်ကို သဘောင်္ဖြင့် တင်ပို့မှု ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ထိုယူရေနီယံများ ကြောင့်အီရန်၏ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း အီရန်အရာရှိများက ပြောကြားသည်။

တင်ပို့

ရုရှားတို့က အီရန်၏နျူကလီးယား ဓာတ်အားပေးစက်ရုံသို့ ယူရေနီယံ တင်ပို့ပေးမှုမှာ ယခုအခါ တန်ချိန်စုစုပေါင်း ၈၂တန်ရှိပြီဖြစ်ကြောင်း၊ ဘူဇာနျူကလီးယားစက်ရုံကို လာမည့် စက်တင်ဘာလ၌ စတင်လည်ပတ်တော့မည်ဖြစ်ကြောင်း ၄င်းတို့က ဆက်လက် ပြောကြားသည်။
(အင်တာနက်)

No comments: