အစ္စရေးနိုင်ငံ၏ ထောက်လှမ်းရေး ဂြိုလ်တုတစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းသို့
အိန္ဒယနိုင်ငံက အောင်မြင်စွာ လွှတ်တင်ပေးလိုက်ကြောင်း၊ ယင်းကို အိန္ဒယတောင်ပိုင်း
ဆရီဟာရီကိုတာ အာကာသစခန်းမှ လွှတ်တင်ပေးလိုက်ခြင်းဖြစ်ကြောင်း အင်တာနက်သတင်း
၌ ဖော်ပြသည်။
တီစကာဟု အမည်ပေးထားသော အဆိုပါဂြိုလ်တုကို ဇန်န၀ါရီ ၂၁ရက်က လွှတ်တင်ပေးလိုက်ခြင်းဖြစ်သည်။
ယင်းဂြိုလ်တုသည် မည်သည့်ရာသီဥတု မဆိုကမ္ဘာမြေပြင် ရှိနေရာများကို ဓာတ်ပုံရိုက်ယူနိုင်သည့်
ကင်မရာတပ်ဆင်ထားသည်ဟု ဆိုသည်။
လွှတ်တင်ပေး
အိန္ဒယနိုင်ငံသည် ပြီးခဲ့သည့်နှစ်ဧပြီလက အီတလီဂြိုလ်တုကိုလည်း ဒေါ်လာ
၁၁သန်း အခကြေးငွေယူ၍ လွှတ်တင်ပေးခဲ့သည်။
အိန္ဒယနိုင်ငံသည် အမေရိကန် ၊ရရှား၊ တရုတ်၊ ယူကရိန်းနှင့် ဥရောပ အာကာသအေဂျင်စီ တို့နှင့်
အပြိုင် စီးပွားရေးဆိုင်ရာ ဂြိုလ်တုလွှတ်တင်ပေးခြင်းကို ယှဉ်ပြုင်ရန် စိတ်အားသန်နေသည်
ဟုဆိုသည်။
Wednesday, January 23, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment