
်
ထိုင်းနိုင်ငံတွင် ခြောက်ပါတီပါဝင်သော ညွန်ပေါင်းအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း ဒီဇင်ဘာရွေးကောက်ပွဲ၌ အောင်ပွဲခံသည့်ပြည်သူ့အာဏာပါတီ ပီပီပီက ဇန်န၀ါရီ ၁၇ရက်တွင်ပြောကြားသည်။ ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သောပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ဇန်န၀ါရီ ၁၉ရက်တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်သည်။ ပီပီပီခေါင်းဆောင် ဆာမက်ဆန်ဒါရာဗက်ဇ်သည် ညွန့်ပေါင်းအဖွဲ့၏ခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ်ဖြစ်လာမည် ဖြစ်ကြောင်း ပီပီပီပါတီအတွင်းရေးမှူးချုပ် ဆူရာပွန်းက ပြောကြားသည်။
ပီပီပီပါတီသည် ရွေးကောက်ပွဲတွင် ထောက်ခံမဲအများဆုံးရရှိကာ အောင်ပွဲရရှိခဲ့သော်လည်း ယင်းပါတီအောင်ပွဲ အောင်မည်မှုနှင့်ပါတ်သက်၍ အတိုက်အခံတို့က တရားဥပဒေကြောင်းအရ စောဒကတက်မှုများ ဆက်လက် ပြုလုပ်နေကြသည် ။ပီပီပီ ပါတီသည် ၀န်ကြီးချုပ်ဟောင်း သက်ဆင်အား ထောက်ခံသည့်ပါတီဖြစ်ခြင်းကြောင့် ယင်းပါတီ၏ ရွေးကောက်ပွဲအောင်ပွဲခံမှုကို ပယ်ဖျက်ပေးရန် အတိုက်အခံဒီမိုကရက် နိုင်ငံရေးသမားတစ်ဦးက တရားရုံးချုပ်ထံ ဦးတိုက် လျှောက်ထားခဲ့သည်။ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးသည် လွန်ခဲ့သည့်နှစ်က သက်ဆင်နှင့် ထိုင်းရတ်ထိုင်းပါတီအဖွဲ့ဝင် (၁၁၀)ကို ငါးနှစ်ကြာ နိုင်ငံရေးလုပ်ခွင့်မရှိကြောင်း တားမြစ်ပိတ်ပင် သည်။ ပီပီပီပါတီသည် သက်ဆင်အား လိုလားသည့်ပါတီဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက် ရာရောက်ကြောင်း ဒီမိုကရက် နိုင်ငံရေးသမားတစ်ဦးက ပြောကြားခဲ့သည်။
No comments:
Post a Comment