Tuesday, January 1, 2008

အင်္ဂါဂြိုဟ်လိုက်မည့်ယာဉ်မှူးများ ရုရှားရွေးချယ်မည်။

ရုရှနိုင်ငံ၏ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး ခရီးစဉ်တွင် လိုက်ပါမည့် အာကာသယာဉ်မှူးများကို ရုရှားနိုင်ငံက ရွေးချယ်လေ့ကျင့်ပေးရန် စီစဉ်လျက်ရှိသည်။ ရုရှားလေးဦးနှင့် ဥရောပတိုက်သား နှစ်ဦးတို့ကို စာရင်းသွင်းမည်။ ပထမအဆင့် စမ်းသပ်မှုမှာ နိုဝင်ဘာ ၂၉ ရက်က ပြီးဆုံးပြီး၊ ၁၀၅ ရက်ကြာဒုတိယအဆင့် စမ်းသပ်မှုကို ဖေဖော်ဝါရီလလယ်တွင် စတင်မည်။ အမေရိကန်က အလားတူ ကြံစည်ကြောင်း ပြသပြီးနောက် ရုရှားက အင်္ဂါဂြိုဟ်သို့ လူလွှတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံက ထုတ်ပြန်ကြေညာသည်။

No comments: