Wednesday, February 6, 2008

ပြည်နယ်၂၀၀ကျော်အကြိုရွေးကောက်ပွဲများပြုလုပ် ဟီလာရီကလင်တန်ကိုသွေးခွဲသူအဖြစ် ရီပတ်ဘလီတို့ကယူဆ

အမေရိကန်သမ္မတလောင်းရွေးပွဲအတွက် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကင်ပါတီတို့မှ ကိုယ်စားလှယ်များသည် ပြည်နယ်ပေါင်း ၂၀၀ကျော်တွင်အကြိုရွေးကောက်ပွဲများဖေဖော်ဝါရီ ၅ရက်ကတစ်ပြိုင်တည်းပြုလုပ်လျက်ရှိကြသည်။
စည်းရုံး
လောလောဆယ်တွင်ဟီလာရီကလင်တန်သည် မစ်ဆူရီပြည်နယ်နှင့် မင်နီယာပိုလဇ်တို့သို့သွားရောက်ပြီး ခင်ပွန်းဖြစ်သူ ဘီလ်ကလင်တန် လော့စ်အိန်ဂျလိစ်မြို့သို့ရောက်နေသည်။ အိုဘာမားက ဒီလာဝဲယားပြည်နယ် သို့ရောက်ရှိနေပြီးသူ့ဇနီးနှင့် အခြားထောက်ခံသူများကလော့စ်အိန်ဂျလိစ်မြို့သို့ ရောက်နေသည်။ အိုဘားမား
က ဒီလာဝဲတားပြည်နယ်သို့ ရောက်ရှိနေပြီးသူ့ဇနီးနှင့် အခြားထောက်ခံသူများကလော့စ်အိန်ဂျလိစ်မြို့သို့ ရောက်နေကြသည်။ရီဝတ်တလီကင်ပါတီမှ မတ်ကိန်းသည် ကွန်နက်တီကပ်ပြည်နယ်သို့ရောက်ရှိနေပြီး ရွမ်နေး
ကအီလီနွိုက်ပြည်နယ်နှင့်မစ်ဆူရီပြည်နယ်တို့တွင်လည်းကောင်း၊ ဟတ်တာင်္တးကဂျော်ဂျီယာပြည်နယ်နှင့် တင်
နက်ဆီပြည်နယ်တို့တွင် လည်းကောင်း ရောက်ရှိနေသည်။
သူမသာကိုယ်မသာ
အေတီစီနှင့်ဝါရှင်တန်ပို့စ်သတင်းစာ၏ မဲထည့်သူများနှင့် တွေ့ဆုံမေးမြန်းခန့်မှန်းသည့်အခြေအနေအရ ဟီလာ
ရီ ကလင်တန်နှင့် အိုဘားမားတို့ ရှေ့ဆောင်နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦးလေးရာခိုင်နှုန်းသာကွာခြားသည်။အခြား
စစ်တမ်းများမှာမူ သူမသာကိုယ်မသာဟုဆိုသည်။ ထိုတွေ့ဆုံမေးမြန်းခန့်မှန်းသည့်အခြေအနေကပင် ရီပတ်ဘ
လီကင်ပါတီမှကိုယ်စားလှယ်လောင်းအရီဇိုးနားပြည်နယ်အထက်လွှတ်တော်အမတ် မတ်ကိန်းက ၄၈ ရာခိုင်နှုန်း၊
ရွမ်နေးက ၂၄ ရာခိုင်နှုန်း၊ ဟတ်ကာဘီးနှင့်ရွန်ဝေါလ်တို့ကနောက်မှလိုက်ပါနေသည်။
ကိုယ်စားပြု
ဒီမိုကရက်တစ်ပါတီသမ္မတလောင်းရွေးချယ်ခံရရန် လိုအပ်သောကိုယ်စားလှယ်၂၀၂၅ဦးအနက် ကယ်လီဖိုးနီး ယားပြည်နယ်ကကိုယ်စားလှယ် ၃၇၀ကို ကိုယ်စားပြုလျက်ရှိသည်။ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်က အိုဘားမားသည် ရီပတ်ဘလီကင်တို့၏ ထိုးနှက်မှုကို ရင်ဆိုင်ရန်ပြင်မထားဟု ဝေဖန်လိုက်သည်။
ယူဆ
အိုဘားမားက တုံ့ပြန်ရာ၌ ဟီလာရီကလင်တန်ကိုနှစ်ခြမ်းကွဲအောင်သွေးခွဲသူအဖြစ် ရီပတ်ဘလီကင်တို့က ယူဆကြောင်းပြောကြားလိုက်သည်။

No comments: