Friday, February 8, 2008

ချဒ်သမ္မတရာထူးမှဆင်းပေးပါမှသာ အပတ်အခတ်ရပ်စဲမည်ဟု သူပုန်များပြောကြား

ချဒ်နိုင်ငံ၏မြို့တော် အင်ဂျမီနာ၌ ချဒ်သူပုန်အဖွဲ့နှင့်အစိုးရတပ်များ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ချဒ်သမ္မတအိုင်းဒရစ်ဒေဘီ ရာထူးမှဆင်းပေးလျှင် အပစ်အခတ်ရပ်စဲရန် သဘောတူမည်ဖြစ်ကြောင်း ချဒ်သူပုန်များက ဖေဖော်ဝါရီ ၅ ရက်က ပြောကြားသည်။
စွပ်စွဲ
အဆိုပါ သူပုန်အဖွဲ့က ပြင်သစ်တို့သည် ဒေဘီ၏တပ်များကို ရဟတ်ယာဉ်များနှင့် တင့်ကားများသုံး၍ တိုက်ရိုက်ပစ်ကူပေးခဲ့ကြောင်း၊ ယင်းအတွက်ကြောင့်အရပ်သားများ သေဆုံးခဲ့ရကြောင်း ပြင်သစ်တို့အား စွပ်စွဲပြောဆိုလိုက်သည်။
ရပ်စဲမည်
သမ္မတ အိုင်ဒရစ်ဒေဘီရာထူးမှ ဆင်းပေးရန် နိုင်ငံတကာ ကြားဝင်ဖြန်ဖြေရေးအဖွဲ့က အဖြေရှာဖွေနိုင်လျှင် မိမိတို့အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း သူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူဟင်ချိုင်းအော်ဂျိုက ရိုက်တာသတင်းဌာနသို့ ဖုန်းဆက်ပြောကြားသည်။
မိမိတို့ တပ်ဖွဲ့ဝင်များသည် မြို့တော်အင်ဂျမီနာမှ ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း၊သို့သော်လည်း ဒေဘီ၏အစိုးရအနီး၌ ရှိနေဆဲဖြစ်ကြောင်း သူပုန်ခေါင်းဆောင်များက ပြောကြားသည်။
သေဆုံး
ပြင်သစ် ရဟတ်ယာဉ်များနှင့် တင့်ကား များသ ည် ချဒ်နိုင်ငံ၌ အခြေစိုက် ချထားသဖြင့် တိုက်ပွဲအတွင်း အစိုးရဘက်မှ ၀င်တိုက်ပေးခဲ့ကြောင်း၊ဖေဖော်ဝါရီ ၄ ရက်က အင်ဂျမီနာလေဆိပ်အနီး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားများ သေဆုံးသွားကြောင်း အော်ဂျိုက ပြောကြားသည်။

No comments: