Thursday, February 21, 2008

အင်ဒိုနီးရှား သတ္တုကဏ္ဍဖွံ့ဖြိုးရေး ဒေါ်လာ လေးဘီလီယံ သြစတြေးလျက ရင်းနှီးမြှုပ်နှံမည်

သြစတြေးလျနိုင်ငံက အင်ဒိုနီးရှား သတ္တကဏ္ဍ၌ အမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား အရာရှိများက ဖေဖော်ဝါရီ ၁၉ ရက်၌ ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီ ပြည်နယ်တွင် သတ္တုလုပ်ငန်းများ၌ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန် သြစတြေးလျ အခြေစိုက် ရီရိုတင်တို အုပ်စုက စီစဉ်ခဲ့သည်။ ထို့အတူ အခြား စီးပွားရေး ကုမ္ပဏီများကလည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။
သြစတြေးလျ ကုမ္ပဏီများ အနေဖြင့် အင်ဒိုနီးရှား သတ္တုလုပ်ငန်းမှ တစ်နှစ်လျှင် သတ္တုတန်ချိန် ၄၆၀၀၀ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။ ထိုသို့ သတ္တုလုပ်ငန်း စီမံကိန်းများကြောင့် အင်ဒိုနီးရှား၌ အလုပ်အကိုင် ၅၀၀၀ ခန့်လည်း ရရှိနိုင်မည် ဖြစ်သည်။
ယခုကဲ့သို့ သတ္တုလုပ်ငန်း၌ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်းသည် သတ္တကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေမည် ဖြစ်ပြီး အကျိုးအမြတ်များကို ခွဲဝေခံစားနိုင်ကြမည် ဖြစ်သည်။

1 comment:

Anonymous said...

Sorry. Look please here