Wednesday, April 9, 2008

မြန်မာ- အိန္ဒိယ ဆက်ဆံရေး တိုးတက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ

မြန်မာနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး သမိုင်းစဉ်တစ်လျှောက် အိမ်နီးချင်းကောင်းနိုင်ငံများပီသသော ဆက်ဆံမှုများစ ထူထောင်ကာ ရင်းနှီးချစ်ကြည်စွာ
နေထိုင်ခဲ့ကြသည်။
မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ခေါင်းဆောင်များ အကြားအပြန်အလှန် သွားရောက်လည်ပတ်မှု များကြောင့် ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာမြဲမြံလျက်ရှိသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး
ခေါင်းဆောင်သောမြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အိန္ဒိယ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာမိုဟာမက်ဟာမစ်အန်ဆာရီနှင့် ဧပြီလ ၂ရက်နေ့က နယူးဒေလီမြို့ရှိ The Deccan Suite ၌တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲ အပြီးတွင် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယ သမ္မတနိုင်ငံ မီဇိုရမ်ပြည်နယ်အကြား သွားလာဆက်သွယ်ရန် ကုလားတန်မြစ် ဘက်စုံပြုပြင်ရေး မူဘောင်သဘောတူစာချုပ် ၊ ထောက်လှမ်းရေး သတင်းဖလှယ်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် ၀င်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့် စေရန် ရှောင်ရှားရေး နှင့်ဝင်ငွေအပေါ် အခွန်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူ စာချုပ်
တို့ကို လက်မှတ်ရေး ထိုးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးတို့သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးမြှင့်တင်ရေး ၊ လမ်းပမ်း
ဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေးနှင့် ကုန်သွယ်မှုတိုးတက် မြှင့်မားရေး၊ ဒေသတွင်းတည်ငြိမ် အေးချမ်းရေး၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ နီးကပ်စွာပူးပေါင်းဆောင်ရွက် ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ခြင်း ဖလှယ်ဆွေး
နွေးခဲ့ကြသည်။
ထိုသို့ မြန်မာနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံအကြား သဘောတူညီချက်စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့၍ နှစ်နိုင်ငံ အကျိုးတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေပြီး ဒေသတွင်းလုံခြုံရေးအတွက် များစွာအထောက်အကူ ပြုလျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး
မောင်အေး၏ အိန္ဒိယသမ္မတနိုင်ငံ ချစ်ကြည်ရေး ခရီးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား
ဆက်ဆံရေးကို ပိုမိုတိုးတက်စေပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေး လုပ်ငန်းများ ပူးပေါင်း
ဆောင်ရွက်မှုကို ပိုမိုခိုင်မာလာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

1 comment:

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Celular, I hope you enjoy. The address is http://telefone-celular-brasil.blogspot.com. A hug.