ကမ္ဘာတစ်ဝန်း၌ လေထုကြီးပူနွေးလာမှုနှင့်အတူ သစ်တောများပြုန်းတီးမှု၊ သဲကန္တာရများဖြစ်ပေါ်လာမှုများ ကြုံတွေ့နေကြရသည်။ ဥတုရာသီတောကိုမှီ ဆိုသည်နှင့်အညီ သစ်တော၊သစ်ပင်များ၊ ပြုန်းတီးလာပါက ရာသီဥတုပြောင်းလဲမှုများ၊ ဖြစ်ပေါ်လာတတ်ပေသည်။
ယခုအခါ နိုင်ငံအများအပြားက ကမ္ဘာကြီးပူနွေးလာမှုကို အရွက်မှပင်ရည်ပြန်ခြင်းနည်းဖြင့် လေထုထဲသို့ ရေခိုးရေငွေးများ ထုတ်လွှတ်ပေးလေ့ရှိသည်။ ပတ်ဝန်းကျင်အပူချိန်များလာလေ အပင်များမှ ရေငွေ့ပြန်နှုန်း
ပိုများလာလေဖြစ်ရာ သစ်တောသစ်ပင်ပေါများထူထပ်သော ၀န်းကျင်ဒေသများသည်အပူအအေးမျှတသော ရာသီဥတုကို ဖြစ်ပေါ်စေလျက်ရှိသည်။
သစ်ပင်များသည် အမြစ်မှစုပ်ယူရရှိသောရေကို အရွက်မှပင်ရည်ပြန်ခြင်းနည်းဖြင့် လေထုထဲသို့ ရေခိုးရေငွေ့များ ထုတ်လွှတ်ပေးလေ့ရှိသည်။ ပတ်ဝန်းကျင်အပူချိန်များလာလေ အပင်များမှ ရေငွေ့ပြန်နှုန်း ပိုများလာလေဖြစ်ရာ သစ်တော ပေါများထူထပ်သော ၀န်းကျင်ဒေသများသည် အပူအအေးမျှတသော ရာသီဥတုကို ဖြစ်ပေါ်စေလျက်ရှိသည်။
မြန်မာနိုင်ငံတွင်သစ်တော၊ရေ၊မြေ တွင်းထွက်သဘာဝသယံဇာတ အရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ သစ်တောရေးရာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်း၍
သစ်တော်များ၊ သဘာဝနယ်မြေများ၊ သဘာဝစိုက်ခင်းများကို ထူထောင်လျက်ရှိသည်။
အပူပိုင်းဒေသတွင် ဆည်အစုအဖွဲ့များပေါ်ပေါက်လာခဲ့၍ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဲကန္တာရ တိုက်ဖျက်ရေးကို အထောက်အကူပြုခဲ့သည်။ နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြည်နေစေရေးအတွက် မြို့ဝင်မြို့ထွက်နှင့် မြေကွက်လပ်များတွင် နှစ်စဉ်မိုးရာသီရောက်တိုင်း ကျွန်းနှင့်အရိပ်ရပင်အမျိုးမျိုးကို တိုးချဲ့စိုက်ပျိုးကြမြဲ ဖြစ်သည်။
မကြာသေးမီက မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း ဦးတည်တိုက်ခတ်သွားရာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ သက်တမ်းရင့် သစ်ပင်ကြီးများအပါအ၀င် သစ်ပင်အမြောက်အမြား ပြိုလဲပျက်စီးသွားခဲ့ရသည်။ ထိုသို့ပြိုလဲသွားသည့် သက်တမ်းရင့်သစ်ပင်များကို အကိုင်းအခတ် များခုတ်ထွင်ပြီး ပြန်လည်တည့်မတ် စိုက်ပျိုးလျက်ရှိသည်။
သစ်တော၊ သစ်ပင်များသည် သက်ရှိသတ္တ၀ါများ ရှင်သန်ရပ်တည်ရေးအတွက် အထောက်အကူပြုလျက်ရှိရာ ပြိုလဲပျက်စီးသွားသည့် သစ်ပင်ကြီးများနေရာတွင် အချိန်တိုအတွင်း ပြန်လည်စိမ်းလန်းနိုင်သော အပင်များ၊ အရိပ်ရသစ်ပင်များ မိုးကြိုကာလမှစတင်ပြီး စိုက်ပျိုးသွားကြမည်ဖြစ်သည်။
မြန်မာတို့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် အစဉ်အလာများရှိပြီးဖြစ်ရာ သစ်တော၊ သစ်ပင်များ အပါအ၀င်အရိပ်ရပင်များကို သက်ဆိုင်ဌာနများနှင့် ပြည်သူများ၊ အင်တိုက်အားတိုက် မိုးရာသီအတွင်း ဒေသအလိုက်တိုးချဲ့စိုက်ပျိုးခြင်းဖြင့် နိုင်ငံတစ်ဝန်း ဥတုရာသီ ညီညွတ်မျှတကာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

No comments:
Post a Comment