
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ပါကစ္စတန်အစ္စလာမ်မစ် သမ္မတနိုင်ငံရှိ ပါကစ္စတန်-မြန်မာချစ်ကြည်ရေးသင်းက ပေးပို့လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများပေးပို့လှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌနညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ ယာယီသံအမတ်ကြီး H.E.Mr.Habib UR Rehman ၊စစ်သံမှုး Col.Muzammil Hussain Shah နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သံအမတ်ကြီးက လှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ထောက်ပံ့ရေးပစ္စည်းများလွှဲပြောင်းပေးအပ်ရာ မီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ်က လေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ယနေ့ ပါကစ္စတန်အစ္စလာမ်မစ် လေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ယနေ့ ပါကစ္စတန်အစ္စလာမ်မစ် သမ္မတနိုင်ငံမှ လေယာဥင်္ဖြင့်ပေးပို့လှူဒါန်းသည့်ပစ္စည်းများမှာ ဆန်၊ဆီ၊သကြား၊ဖယောင်းတိုင်၊ဘီစကစ်၊လက်ဖက်ခြောက်၊သောက်ရေသန့်၊ဆေးဝါး၊အ၀တ်အထည်၊သိုးမွေးလိပ်နှု့်
ဖိနပ်များ စုစုပေါင်းတန်ချိန် ၃ ဒသမ ၂၅ တန်ပါရှိကြောင်း သိရှိရသည်။
No comments:
Post a Comment