နာဂစ်မုန်တိုင်းဒဏ်ခံ မြန်မာပြည်သူများအတွက် နိုင်ငံတကာမှ အကူအညီများ၊ အထောက်အပံ့ပစ္စည်းများ အဆက်မပြတ်ရောက်ရှိလျက်ရှိရာ မေ ၁၉ရက်နေ့အထိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရအဟုတ်သော အဖွဲ့အစည်း(INGO)များနှင့် နိုင်ငံအသီးသီးမှ အထောက်အပ့ပစ္စည်းများ တန်ချိန် ၃၀၀၀ ၀န်းကျင်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်များအရ သိရှိရသည်။
အရေးပေါ် ကူညီထောက်ပံ့မှုများ ပြုလုပ်ရာတွင် UN/WFP ၊ICRC၊ UNHCR၊ ပြင်သစ် (နယ်စည်းမခြား ဆေးအဖွဲ့)၊ ဆွစ်ဇာလန်(နယ်စည်းမခြားအဖွဲ့) စသည့် အဖွဲ့အစည်းများ ပါဝင်ပြီး အမေရိကန်၊ အီတလီ၊ ဟော်လန်၊ သြစတေးလျ၊ ရုရှား၊ ဆွီဒင်၊ ဗြိတိန်၊ စကော့တလန်၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း အစရှိသည့် နိုင်ငံများ ပါဝင်သည်ဟု သိရှ်ိရသည်။
အထောက်အပံ့ပစ္စည်းများ အဖြစ် လေဘေးဒဏ်သင့်သူ ပြည်သို့ လွယ်လင့်တကူ အသုံးပြုနိုင်မည့် လူနေမှုအတွက် အသုံးဝင်သော ပစ္စည်းများကို ပေးအပ်ထောက်ပံ့ခဲ့ကြခြင်းဖြစ်ကာ ရွက်ဖျင်တဲ၊ ခြင်ထောင်၊ အိပ်ရာခင်း၊ စောင်၊ အ၀တ်အထည်၊ မိသားစုသုံး ဆေးသေတ္တာ၊ စားသောက်ကုန်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးများ စသည်တို့ ပါဝင်ခဲ့သည်။
ယင်းသို့ အထောက်အပံ့ပစ္စည်းများကို နိုင်ငံတကာမှ ပေးအပ်လှူဒါန်းရာတွင် လေယာဉ်အခေါက်ရေ ၁၃၀ကျော်ဖြင့် သယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် အလှူရှင် နိုင်ငံပေါင်းမှာ ၃၉ နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
နိုင်ငံအသီးသီးမှ လှူဒါန်းမှုများတွင် အမေရိကန်နိုင်ငံက လေယာဉ်အခေါက်ရေ အများဆုံးဖြစ်နေပြီး မေလ (၈)ရက်နေ့ ၂၂ရက်နေ့အထိ လေယာဉ်အခေါက်ရေ ၄၅ကြိမ်ရှိခဲ့ပြီဖြစ်သည်ဟု သိရသည်။ ယင်းထောက်ပံ့မှုတွင် ကျန်းမာရေးသုံးပစ္စည်းများ၊ ပလတ်စတ်စများ၊ အစားအစာများ စသည်တို့ ပါဝင်ခဲ့ပြီး ကုန်ပစ္စည်းတန်ချိန်ပေါင်း ၄၀၀ ကျော် ရှိသည်ဟု သိရှိရသည်။

No comments:
Post a Comment