မကြုံစဖူးကြီးမားသော သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရပြီးနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အချိန်တိုတွင်း ဆောင်ရွက်နိုင်ခဲ့
နိုင်ငံတော်တာဝန်ရှိသူများ၊ ပြည်သူများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့၍ဖြစ်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဇွန်၁ရက်ညနေ ၃နာရီခွဲတွင် ပုသိမ်မြို့ မြဧရာအစည်းအဝေးခန်းမ၌ နံနက်ပိုင်းက လှည့်လည်ကြည့်ရှုခဲ့သည့် ကျိုက်လတ်နှင့် ဖျာပုံဒေသများ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ဒေသတာဝန်ခံ ၀န်ကြီးဒေသတွင်း ကူညီဆောင်ရွက် နေသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ အပါအ၀င် တာဝန်ရှိသူများအား တွေ့ဆုံမှာကြားသည်။
ယင်းသို့တွေ့ဆုံမှာကြားရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက နာဂစ်မုန်တိုင်းကျရောက်ခဲ့ပြီးနောက် လေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိအဟုန်ဖြင့် ဆောင်ရွက်ခဲ့သလို နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်နှင့် နိုင်ငံတော်တာဝန်ရှိပုဂ္ဂိုလ်များ သည်လည်း လေဘေးသင့်ဒေသ ကျေးရွာ များအထိ သွားရောက်၍ လုပ်ငန်းများကြည့်ရှုသုံးသပ်ကာ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
မကြုံစဖူးကြီးမားသော သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရပြီး နောက်ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း အောင်အောင်မြင်မြင်၊ ထိထိရောက်ရောက်ဆောင် ရွက်နိုင်ခဲ့သည်မှာ နိုင်ငံတော်တာဝန်ရှိသူများ အပါအ၀င် ပြည်သူလူထုများ တိုင်းရင်သားလုပ်ငန်းရှင်များက အမျိုးသားရေးစိတ်ဓာတ်နိုးကြားထက်သန်စွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ၍ ဖြစ်ကြောင်းယခုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကို လည်း နိုင်ငံတော်က မှတ်တမ်းတင်ကျေးဇူးတင်ရှိကြောင်း။
မြန်မာနိုင်ငံ အောက်ပိုင်းတွင် ဧရာဝတီတိုင်းသည် တိုင်းပြည်၏ စပါးကျီဖြစ်သကဲ့သို့ စစ်ကိုင်းတိုင်း သည်လည်းမြန်မာနိုင်ငံအထက်ပိုင်းတွင် တိုင်းပြည်၏စပါးကျီဖြစ်နေပြီဖြစ်ကြောင်း ယင်းသို့ ဖြစ်လာစေရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် ယခုဆိုလျှင် စစ်ကိုင်းတိုင်းအနေဖြင့် နှစ်စဉ်စပါးတင်း သိန်း ၁၀၀၀ ပိုလျှံထွက်ရှိနေပြီဖြစ်ကြောင်း။
လေဘေးသင့်ဒေသများနှင့်စပ်လျဉ်း၍ ပထမဦးစားပေးလုပ်ငန်းဖြစ်သည့် ကယ်ဆယ်ရေးလုပ်ငန်းများ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ပြီးစီးချိန်တွင် တစ်ပြိုင်တည်း ဒုတိယအဆင့် တည်ဆောက်ရေးလုပ်ငန်း၌ ဒေသခံများ၏ လူမှုစီးပွားရေးဘ၀မြှင့်တင်ရေးအတွက်ပါ ဦးတည်ချက် ထားဆောင်ရွက်ရန်ဖြစ်ကြောင်း လေဘေးသင့်ပြည်သူများအတည်တကျ နေရာချထားပေးရေးအသက်မွေး ၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်အောင် ပံ့ပိုးပေးရေး နောင် သဘာဝဘေးအန္တရာယ်ကြုံကြိုက်ပါက တားဆီးကာကွယ်နိုင် မည့် အစီအမံများ ဆောင်ရွက်ပေးရေးတို့အတွက် မြို့နယ်တစ်ခုချင်းအလိုက် ဆွေးနွေးချမှတ်သွားရန် ဖြစ်ကြောင်းမှာကြားသည်။
ထို့နောက်ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တက်ရောက်လာကြသည့် တိုင်းရင်းသားလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ရှင်းလင်းမှာကြားသည့် အခမ်းအနား အပြီးတွင် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ဗဟိုကော်မတီ ဒုတိယဥက္ကဌ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးတို့ ဦးဆောင်ပြီး တာဝန်ရှိသူများသည် ဖျာပုံခရိုင်ကျိုက်လတ် မြို့နယ် ဖျာပုံမြို့နယ်ပြန်လည်တည်ဆောက်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ်ဆက်လက်ညှိနှိုင်း ဆွေးနွေးကြသည်။
ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လမ်းညွှန်မှာကြားချက်များအပေါ်အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖျာပုံမြို့နယ်ပြန်လည်ထည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးကောင်စီအ တွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦးက ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းမှူး၊ အစိုးရ အဖွဲ့-အဖွဲ့ဝင် ၀န်ကြီးများနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များက လိုအပ်သည်များ ကိုဖြည့်စွက်တင်ပြကြသည်။
ညှိနှိုင်းဖြည့်ဆည်းပေး
တင်ပြချက်များနှင့် စပ်လျဉ်း ပြီးနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က လိုအပ်သည်များကို ညှိနှိုင်းဖြည့် ဆည်းပေးပြီး အစည်းအဝေးကို ညပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

No comments:
Post a Comment