Thursday, June 5, 2008

လုပ်ငန်းများ အချိန်တိုအတွင်း ထိရောက်အောင်မြင်ရေး အမျိုးသားရေးစိတ်ဓာတ်သန်စွာ ဆောင်ရွက်


ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးခြင်းစသည်တို့သည် ကမ္ဘာနှင့် အ၀န်း ဖြစ်ပွားတတ်ပြီး လူတို့၏ အသက်အိုးအိမ်စည်း စိမ်များ ခဏတာအတွင်း ပျက်စီးဆုံးရှုံးနိုင်သည့် သဘာဝ
ဘေးအန္တရာယ်များ ဖြစ်သည်။
မြန်မာနိုင်ငံတွင် မကြာမီက ကြီးမားသောသဘာဝ ဘေးအန္တရာယ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုနှင့် တွေ့ကြုံခဲ့ ရာလူအသက်ပေါင်းများစွာသာမက ငွေကျပ်ဘီလီယံနှင့် ချီသည့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည်။
မုန်တိုင်းစဲသွားပြီးနောက် နိုင်ငံတော်က လေဘေးသင့်ဒေသများ၌ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး နှင့် သဘာဝဘေးအန္တရာယ် ရေရှည်ကာကွယ်ရေး လုပ်ငန်းများကို ဦးစားပေးအဆင့်လိုက် ဘဏ္ဍာငွေ အမြောက်အမြား ကျခံသုံးစွဲ ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အပိုင်းက ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာဆောင်ရွက်ခဲ့နိုင်သဖြင့် ယခုအခါ မြို့ပြ၊ ကျေးရွာ ပြန်လည်ထူထောင်ရေးသာမက ဒေသခံများ၏ လူမှုစီးပွားရေးဘ၀ မြင့်မားရေး
အတွက်ပါ ပြည်သူများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ ၊ တိုင်းရင်းသားလုပ်ငန်းရှင်များက အရှိန်အဟုန်မြှင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
လေဘေးသင့်ဒေသများ၌ ပျက်စီးသွားသော ကျေးရွာများ ပြန်လည်တည်ဆောက်ရေး ၊ ယာယီလူနေ
အဆောက်အအုံမျာ တွင် ဒေသခံများ ပြန်လည်နေထိုင်နိုင်ရေး ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ်မီးပြန်လည်ရရှိရေး အပါအ၀င်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို သက်ဆိုင်ရာကုမ္ပဏီ များ၏ ပူးပေါင်းကူညီမှုဖြင့် အလျင်အမြန်ဆောင်ရွက်နေပြီဖြစ်သည်။
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက် ရေလွှမ်းဒေသများ၊ ဆားငန်ရေ၀င်ရောက်သည့် ဒေသများတွင် ရေငန်တား တာများနှင့် ရေတံခါးများပြုပြင်ခြင်း ၊ မျိုးစပါး၊ ကျွဲ၊ နွားနှင့် လယ်ယာသုံးပစ္စည်းများ ပံ့ပိုးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ရေလုပ်သားများ၏ ဘ၀ ပြန်လည်ထူထောင်နိုင်ရေးအတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပေါင်းစပ်ကာ ဒေသအခြေအနေနှင့် အညီ လုပ်ငန်းခွင်သုံး ငါဖမ်းကိရိယာများကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ မုန်တိုင်းလွန်မြောက်ပြီးနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အပါအ၀င် တိုင်းရင်းသားပြည်သူများ ၊လုပ်ငန်းရှင်များက အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် လုပ်ငန်းများ အချိန်တိုအတွင်း မြန်ဆန်ထိရောက်အောင်မြင်ခဲ့ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: