အမေရိကန်နိုင်ငံ ကင်ဆက်စ်ပြည်နယ်တွင် ဇွန်၎ရက်က လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဓာတ်အားတိုင်များ ပြိုလဲကာ နေအိမ်များပျက်စီးပြီး သစ်ပင်များ အမြစ်မှ ကျွတ်ထွက်လဲကျခဲ့ကြကြောင်း အင်တာနက်သတင်း၌ ဖော်ပြထားသည်။ရေလွှမ်းမိုးမှုများဖြစ်ပွား
အဆိုပါမုန်တိုင်းသည် မစ်ဆူရီပြည်နယ် အနောက်ပိုင်းဒေသများသို့ ဖြတ်သန်းတိုက်ခတ်ရာ လေတိုက်နှုန်းမှာ တစ်နာရီမိုင် ၇၀မှ ၉၀ နှုန်းအထိ တိုက်ခတ်ခဲ့ကြောင်း ၊ မုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာ ရွာခဲ့ရာ အချို့ဒေသများ၌ ရေလွှမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း (အပေါ်ပုံ) အမေရိကန်အမျိုးသား မိုးလေ၀သဌာနမှ သတင်းထုတ်ပြန်သည်။
လူထုအများအပြားဒဏ်ရာရ
ထို့အတူ အင်ဒီးယားနားပြည်နယ် အလယ်ပိုင်းဒေသ များ၌လည်း ဇွန်၎ရက်က လေဆင်နှာမောင်းများ တိုက်ခတ်မှု ဖြစ်ပွားရာ လူအများအပြားဒဏ်ရာရရှိပြီး နေအိမ်အချို ပျက်စီးကာ ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ် ခဲ့ကြောင်း အဆိုပါသတင်း၌ ဆက်လက်ဖော်ပြထားသည်။
No comments:
Post a Comment