ဧရာဝတီတိုင်းအတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော အခြေခံပညာကျောင်းများကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ ကျောင်းအများစုမှာ ဇွန်လကျောင်းဖွင့်ရာသီတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းအနည်းငယ်သာ ဖွင့်လှစ်ရန်ကျန်ရှိကြောင်း သိရသည်။ ထိုသို့ကျန်ရှိနေခြင်းမှာ မုန်တိုင်းကြောင့် ကျေးရွာများပျက်စီးသွားသဖြင့် အချို့ကျေးရွာများမှ ကျန်ရှိသည့် ကျေးလက်ပြည်သူများမှာ ၄င်းတို့အဆင်ပြေရာ အခြားကျေးရွာများ၌ သွားရောက်နေထိုင်ကြခြင်းကြောင့်လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသ၏ သဘာဝအရ ချောင်းမြောင်းပေါများပြီး ကူးသန်းသွားလာရေးခက်ခဲသဖြင့် အချို့ကျေးရွာများရှိ ကျောင်းများမှာ ၄င်းတို့အစီအစဉ် ဖြင့်သာကိုယ့်အားကိုယ်ကိုး တည်ထောင်ထားသော တွဲဖက်ကျောင်းများဖြစ်ခြင်းကြောင့်လည်းကောင်း ပြန်လည်ဖွင့်လှစ်ရန် ကျန်ရှိနေခြင်းဖြစ်သည်။ အဆိုပါ ဖွင့်လှစ်ရန်ကျန်ရှိနေသော အခြေခံပညာကျောင်းများကို ကျေးရွာများ ပြန်လည်တည်ထောင်သည့်နေရာနှင့် အခြေအနေပေါ်မူတည်၍ ကျောင်းများ၏အဆင့်ကို ယခင်ထက်မြှင့်တင်ကာ ယခုဇွန်လကုန်အပြီး ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Saturday, June 21, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment