Sunday, June 29, 2008

ကုန်သွယ်မှုလုပ်ငန်းများ သွက်လက်မြန်ဆန်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ပေး

နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် ပို့ဆောင်ရေးဏ္ဍသည် အရေးပါသည့် ၀န်ဆောင်မှု လုပ်ငန်းတစ်ရပ်ဖြစ်ပြီး အခြားသောဏ္ဍများကို ထိရောက်စွာ အထောက်အကူပြုပေးနေသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။
နိုင်ငံတစ်ဝန်း ဒေသအားလုံးမျှမျှတတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ကားလမ်း၊ ရထားလမ်းနှင့် မြစ်ကူချောင်းကူး တံတားသစ်ကြီးများစွာကို ကွန်ရက်သဖွယ် တိုးချဲ့ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိရာ ပြည်သူများ လွယ်ကူစွာ ကူးသန်းဆက်သွယ်သွားလာနိုင်ကြပြီး ကုန်ထုတ်လုပ်မှုတိုးတတ်ရေးနှင့် လူမှုစီးပွားဘ၀ မြင့်မားလာစေရေးကို အကျိုးပြုနေကြပြီဖြစ်သည်။
လေကြောင်းပို့ဆောင်ရေးဏ္ဍ အနေဖြင့် နိုင်ငံတကာနှင့် ကူးသန်းဆက်သွယ်နိုင်ရေး ၊စီးပွားကုန်သွယ်နိုင်ရေးနှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်များ တည်ဆောက်ပေးမှု၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့် တိုးချဲ့မှု ၊ ပြည်နယ်နှင့်တိုင်းများ လေယာဉ်ကွင်းများ ပြေးလမ်းတိုးချဲ့မှုတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အလားတူ နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးဏ္ဍတွင် ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းအပါအ၀င် အပြည်ပြည်ဆိုင်ရာ သင်္ဘောဆိပ်ကမ်း ခုနှစ်ခု တည်ဆောက်ပေးထားရာ ကုန်တန်ချိန် တစ်သောင်းကျော် တင်ဆောင်နိုင်သည့် ကုန်သေတ္တာသင်္ဘောနှင့် အထွေထွေကုန်စည် သင်္ဘောနှစ်ဆယ့်သုံးစင်း တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်ကြောင်းသိရသည်။
အဆိုပါ ဆိပ်ကမ်းများတွင် ကုန်တွင်းကုန်သေတ္တာ စခန်းအပါအ၀င် ကုန်သေတ္တာစခန်းများ၊ ခေတ်မီကုန်တင် ကုန်ချကိရိယာများ တည်ဆောက်ထားသည့်အပြင် ပင်လယ်ကူးကုန်သဘောင်္ကြီးများ အလွယ်တကူ
ဝင်ထွက်သွားလာနိုင်ရန် မြစ်ကြောင်းကြီးများအတွင်း ရေလမ်းကြောင်းရှင်းလင်းမှုကို စနစ်တကျ စီမံဆောင်ရွက်ထားသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်က လိုအပ်ချက်များကို ဖြည့်ဆည်းဖော်ဆောင်ပေးလျက်ရှိရာ တိုင်းရင်းသား ပြည်သူများက အခြေခံကောင်းများကို ထိရောက်စွာ အသုံးပြုပြီး နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်သည်။
နိုင်ငံတော်က လမ်းပမ်းဆက်သွယ်မှု အခြေခံအဆောက်အအုံများကို တိုးချဲ့ဖောက်လုပ် တည်ဆောက်
ပေးလျက်ရှိရာ ကုန်သွယ်မှု လုပ်ငန်းများ သွက်လက်လျင်မြန်လာသည်နှင့်အမျှ ကုန်စည်ကူးသန်း ရောင်းဝယ်ဖောက်ကားမှု ပိုမိုတိုးပွားလာပြီး ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်လာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: