Monday, June 30, 2008

ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ ဒုတိယဝန်ကြီး ဂျပန်အောက်လွှတ်တော်အမတ်နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ




ပြည်ထောင်စုမြန်မာနိုင်ငံတော်-နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဒုတိယဝန်ကြီး ဂျပန်အောက်လွှတ်တော်အမတ် Mr. IKUZO SAKURAI နှင့်အဖွဲ့ဝင်များအား ယနေ့ညနေ ၅နာရီတွင် ရန်ကုန်မြို့ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ်ဌေးဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်သူ၊ အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန့်ရှင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းတို့တက်ရောက်ကြပြီး ဂျပန်နိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဒုတိယဝန်ကြီး ဂျပန်အောက်လွှတ်တော်အမတ်နှင့် အဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Yasuaki Nogawa လည်းတက်ရောက်သည်။

No comments: