ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် ၇ နာရီက ရန်ကုန်မြို့တွင်းရှိ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ခြံဝင်းများအတွင်းရှိ မုန်တိုင်းဒဏ်ရှိကြောင့် ပြိုလဲသောသစ်ပင်များနှင့် အမှိုက်များ အပြီးသတ်ရှင်းလင်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်တို့ကိုမှာကြားသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့ပြည်လမ်း အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းဗဟိုဌာန အဆောက်အဦးရှေ့ရှိ ပုဂ္ဂလိကပိုင် ခြံအမှတ် ( ၈ ) ရှေ့သို့ ရောက်ရှိရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြိုတော်ဝန် ဗိုလ်မှူးကြီးမောင်ပါနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ခြံဝင်းအတွင်း၌ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်မှ တပ်မတော်သားများက မုန်တိုင်းဒဏ်ကြောင့်ပြိုလဲသွားသောသစ်ပင်များအား စက်လွှများဖြင့်ဖြတ်တောက်ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့်အဖွဲ့ဝင်များသည် ဦးဝိစာရလမ်းရှိ မြို့မအားကစားကွင်းသို့ ရောက်ရှိကြပြီး ကွင်းအတွင်း၌ စုပုံထားသည့် သစ်ခက် အမှိုက်သရိုက်များအား အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်မှ တပ်မတော်သားများက စက်ယန္တယားများဖြင့် အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးကာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက တာဝန်ရှိသူများအား အမှိုက်များရှင်းလင်းပြီးစီးပါက ကွင်းအတွင်း၌ မြေသားပြန်လည်ပြုပြင်မှုများကို စက်ယန္တယားများဖြင့် ဆောင်ရွက်ရေး၊ ပြိုလဲနေသောပြန်လည်ရှင်သန်နိုင်သည့် သစ်ပင်များအား ပြန်လည်တည့်မတ်စိုက်ပျိုးရေးတို့ကို မှာကြားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် ရွှေတိဂုံဘုရားလမ်းသို့ရောက်ရှိကြပြီး နိုင်ငံတော်ပိုင်အဆောက်အဦးဝင်းအတွင်း၌ အမှတ် ( ၇၇ )ခြေမြန်တပ်မဌာနချုပ်မှ တပ်မတော်သားများကပြန်လည်ရှင်သန်နိုင်သည့် ပြိုလဲနေသော သစ်ပင်များအားဝန်ချီစက်ဖြင့်ဆွဲမ၍ ပြန်လည်တည့်မတ်စိုက်ပျိုးနေမှု၊ ပြိုလဲနေသည့် သစ်ပင်များအား အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ ပြန်လည်ရှင်သန်နိုင်သည့် ပြိုလဲသစ်ပင်ကြီးများပြန်လည်တည့်မတ်စိုက်ပျိုးပြီးစီးမှုများကို ပြန်လည်တည့်မတ်စိုက်ပျိုးပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက တာဝန်ရှိသူများအားပြိုလဲမည့်အန္တရာယ်ရှိနေသည့် ခြောက်သွေ့နေသော သစ်ပင်ကြီးအား စက်ယန္တရား အသုံးပြု၍ ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်တည့်မတ် စိုက်ပျိုးရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ရောက်ရှိကြရာ တိရစ္ဆာန်ဥယျာဉ်များဌာန ညွှန်ကြားရေးမှူး ဦးမြတ်ငြိမ်းက လေမုန်တိုင်းဒဏ်ကြောင့် တိရစ္ဆာဥယျာဉ်အတွင်း ထိခိုင်ပျက်စီးဆုံးရှုံးမှု၊ တိရစ္ဆာန်ဥယျာဉ်ဝင်းအုတ်တံတားများပြန်လည်ပြုပြင်ပြီးစီးမှု၊ ပြိုလဲလျှပ်စစ်ဓာတ်တိုင်နှင့် ဓာတ်ကြိုးများ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ ရေရရှိမှုနှင့် အဆောက်အဦးများ ပြန်လည်ပြုပြင်ပြီးစီးမှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြရာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များ၏ ကျန်းမာရေးကိုအလေးထားဆောင်ရွက်ရန်နှင့် လိုပ်အပ်သည်များကို မှာကြားသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် ဘာဂီယာဉ်ငယ်များဖြင့်တိရစ္ဆာန်ဥယျာဉ်အတွင်းလှည့်လည်၍ တိရစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ဥယျာဉ်ဝင်းအတွင်း၌ဖြတ်တောက်စုပုံထားသော သစ်တုံးများအား စက်ယန္တရားဖြင့် ပြောင်းရွှေ့ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် တောင်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေးဆေးရုံသို့ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်မြင့်မြင့်အေးက ဆေးရုံနှင့်စပ်လျဉ်းသည်များကို ရှင်းလင်းတင်ပြရာ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ဆေးရုံတွင် လျှပ်စစ်ဓာတ်အားအချိန်ပြည့်ရရှိရေးနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ဆေးရုံဝင်းအတွင်း၌ အင်းတိုင်တပ်နယ်မှ တပ်မတော်သားများက ပြိုလဲသစ်ပင်နှင့် အမှိုက်သရိုက်များအား အပြီးသတ်ရှင်းလင်းဖယ်ရှားနေမှုကို လည်ကောင်း၊ မေတ္တာလမ်းမကြီး တစ်လျှောက်၌ အင်တိုင်းတပ်နယ်မှ တပ်မတော်သားများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် ပြိုလဲသစ်ပင်များပြန်လည်တည့်မတ်စိုက်ပျိုးနေမှု၊ ယာဉ်များနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများ ခုတ်ထွင်းဖယ်ရှားရှင်းလင်းနေမှုများကိုလည်း ကြည့်ရှုစစ်ဆေးသည်။

No comments:
Post a Comment